"ရှင်!....."

"အသက်လို့...."

"၁၈ ပါ"

"ဒါဆို ကိုယ့်ထက် နှစ်နှစ်ပဲငယ်တယ်။အဲ့လောက်ကြီးမလိုပါဘူး။အစ်ကို ဆိုရပြီလေ"

"ဒါပေမယ့် စံအိမ်.....စည်းကမ်းက ရှိသေးတာမို့"

မျက်နှာငယ်လေးနှင့် ဆိုလာသော သူမကို ထမင်းစားနေရာမှ ဂရုဏာသက်စွာကြည့်မိသည်။စံအိမ်ကို ကြောက်နေပုံလည်း ရသည်မို့

"စည်းကမ်း...?.....ဘာတွေလဲ"

"ဟို.....ကိုယ့်အလုပ်ရှင်တွေကို နာမည်နဲ့ခေါခွင့်မရှိပါဘူး။တစ်ရိုတစ်သေနဲ့ခေါရပါမယ် မဟုတ်ရင်.....ကြိမ်ဒဏ် ၅၀ ပါ"

"ဟမ်!.....အဲ့လိုတွေရော ရှိတာလား။"

သူလုံးဝမှင်သက်မိပါသည်။အဲ့လောက်ထိစံအိမ်က စည်းကမ်းကြီးရသလား။ဒါဟာ ကိုကြီးအမိန့်မဟုတ်ရင် ဘယ်သူ့အမိန့်ဖြစ်ပါဦးမလဲ။

"ဟုတ်ပါတယ်။စံအိမ်မှာက တစ်ခုခုဆို ကြိမ်ဒဏ်နဲ့ပဲသွား......"

"ဘယ်လို....ကြိမ်ဒဏ်နဲ့သွားတာ...ထပ်ရှိသေးတာလား"

"ဟုတ်ကဲ့။အမြဲတမ်းအလုပ်ရှင်သစ်တစ်ယောက်ရောက်လာရင် ခေါင်းငုံ့ထားရတာလည်း စည်းကမ်းတွေထဲကတစ်ခုပါ။အလုပ်ရှင်က စိတ်မထင်တဲ့ချိန်ကြည့်မိမယ်ဆိုရင်လည်း ကြိမ်ဒဏ်ခံရပါတယ်။"

ဒီလိုကြောက်စရာကောင်းလွန်းတဲ့ စည်းကမ်းတွေနဲ့စံအိမ်မှာ သူ့ရင်ခုန်သံနတ်သမီးက ရှိနေပါသတဲ့လား။ကိုယ်မင်းကို ခေါထုတ်သွားမယ်။

"တောင်းပန်ပါတယ်။အနက်က တိုင်တောတာမျိုး၊မဟုတ်ရပါဘူးရှင်၊ဒီတိုင်းပဲပြောပြရုံပါ။တောင်းပန်ပါတယ်။"

ခေါင်းငိုက်စိုက်ကျသွားသော သူ့ကိုကြည့်ကာ ထပ်တလဲလဲတောင်းပန်မိသည်။သူမ မှားသွားပြီလား။

"မဟုတ်တာ။ကိုယ်နားလည်ပါတယ်။ဒါနဲ့....မင်းကိုယ်တိုင်ချက်ထားတာလား..."

ဟင်းခွက်ကိုမြှောက်ကာပြောလိုက်တော့ ဝောာက်ပတဲ့မျက်ဝန်းတို့ကို ရုတ်တရက်မြင်လိုက်ရပြီး ပုန်ပျောက်ကွယ်သွားပြန်သည်။စတွေ့ကတည်းက သေအောင် သဘောကျခဲ့ရတာအဲ့မျက်ဝန်းလေးတွေကိုပဲ။

Footprint of kiss(အနမ်းခြေရာ)Hikayelerin yaşadığı yer. Şimdi keşfedin