Arc4.5

1.3K 135 7
                                    

Ethan

တတိယအခန်းထဲမှာရှိနေတာက..ဗလာသက်သက်သာ
'ဟင် ဒီအခန်းကချို့ယွင်းနေတာလား'

နှာခေါင်းသွေးတွေကိုသုတ်ကာဖောလ်မှကဲ့ရဲ့လာခြင်း Ethanကတော့ဖြင့်ငြိမ်သက်နေလေသည်

'hostဘာတွေကြောင်ကြည့်နေတာလဲ'

*ဘာလဲငါတစ်ယောက်ထဲမြင်နေရတာလား ဒီလူတွေကငါ့ကိုဘာလို့နာကျင်စေတာလဲ Ethanနဲ့ပတ်သတ်နေတာနဲ့တူတယ်*

'ဟင် ဘာမှမဟုတ်ပါဘူး ဆက်သွားကြမလား'

'အင်းအင်း hostသတိထားအုန်းနော်'

Ethanလည်းခေါင်းညိမ့်လိုက်ပြီးရှေ့ဆက်သွားလိုက််တယ် စတုတ္ထမြောက်အခန်းထဲမှာတော့

'oh! ဘုရားရေ'

'host ဒါဏ်ရာရနေတာနဲ့တူတယ်'

နာကျင်စွာလူးလွန့်နေပြီးသွေးတွေနဲ့ပေပွနေတဲ့လူတစ်ယောက် တစ်ကိုယ်လုံးအနက်ရောင်နဲ့ထိုလူကလည်ပင်းမှာလည်းပုလဲနက်တွေဖြင့်သီကုံးထားတဲ့ဆွဲကြိုးကိုလည်းဆွဲထားသည် နာကျင်မှုကြောင့်မျက်ခုံးတွေတွန့်ချိုးနေတာတောင်တော်တော်ချောမယ့်လူလို့ပြောလို့ရလောက်တယ်

'ဖောလ် သွားကယ်ကြမယ်'

'အင်း ဂရုစိုက်အုန်းနော်'

ထိုလူ့အနားသွားကာခေါင်းရင်းက မကာEthanမိမိပေါင်ပေါ်တင်လိုက်သည်
'နေအုန်း ငါတို့မှာဆေးမှမပါတာ'

Ethanအပြောကြောင့်ဖောလ်ကိုယ့်နဖူးကိုယ်သာရိုက်လိုက်သည်

'သေလိုက်ပါတော့hostရယ် hostရဲ့ကိုယ်ကလိပ်ပြာမျိုးနွယ်ဝင်လေ အလိုအလျောက်ကုသနိုင်စွမ်းရှိတယ် နည်းနည်းကြိုးစားကြည့်'

ဖောလ်ပြောတာကြောင့်Ethanလည်းအာရုံစူးစိုက်လိုက်ပြီး မေ့မြောနေသူရဲ့နဖူးပေါ်သို့လက်တင်လိုက်တယ် Ethanရဲ့လက်ထဲကနေစွမ်းအင်တွေစီးဆင်းသွားတာကိုခံစားမိလိုက်သည်
ထိုလူရဲ့နှုတ်ခမ်းတွေမှာသွေးရောင်ပြန်လွှမ်းလာပြီးဒါဏ်ရာတွေမှာလည်းအလိုလိုပျောက်ကွယ်သွားသည်Ethanလည်းစွမ်းအင်တော်တော်လွှဲပေးလိုက်ရတာကြောင့် အားနည်းသွားတာကြောင့်လက်တို့ကိုပြန်ရုတ်လိုက်ကာ ထိုလူအားပေါင်ပေါ်တင်ထားလျှက်ဖြင့်တရားထိုင်နေလိုက်သည်

System 0461 [Uni&Zaw]Where stories live. Discover now