ထို့နောက်Lucasပြန်ရောက်လာသည်
"ကလေးကိုယ်ပြန်လာပြီ အဆင်ပြေတယ်မလားအကုန်"

"ဟုတ်ပြေတယ် ကျနော်တို့အစားစားပြီးရင်ခရီးဆက်ကြမယ်"

"ဟုတ်ပြီ ကိုယ့်မှာအတွေးတစ်ခုရှိတယ်ပြောင်းလဲခြင်းတောအုပ်ရဲ့ရတနာကိုအရင်ရှာရင်ရော ကလေးပါးပါးလည်းပြောင်းလဲခြင်းတောအုပ်ကိုလာတယ်ဆိုထဲကဒီတောအုပ်ရဲ့ရတနာနဲ့ပတ်သတ်နေနိုင်တယ်လေ"

"အွန်း Anthonyပြောတာကျနော်ထောက်ခံတယ်"

Ethanတို့စားသောက်ပြီးရတနာကိုရှာဖို့ထွက်လာခဲ့တော့သည်တောအုပ်ပြင်ပလိုမဟုတ်တာကဒီနေရာမှာLucasတို့ဟာပုံပြောင်းချင်တိုင်းပြောင်းလို့မရပေထို့ကြောင့်လူအသွင်နဲ့သာခရီးဆက်နေရသည်တောအုပ်ရဲ့ရတနာကိုရှာရမှာဆိုတော့ဖြစ်နိုင်တာကတောအုပ်
ရဲ့အလယ်ဗဟိုမှာရှိနေနိုင်သည်ဒါကလည်းEthanရဲ့အတွေးသာ

"Lucasကျနော်တို့ရတနာကိုဘယ်မှာရှာမှာလဲ"

"ကိုယ်ကြားဖူးတာကဒီတောအုပ်ရဲ့အလယ်မှာ​နှလုံးသားရေကန်ဆိုတာရှိတယ်တဲ့အဲ့ရေကန်မှာပဲပြောင်းလဲမှုတွေဖြစ်ပေါ်တာအဲ့တော့ကိုယ်ထင်တာသဲလွန်စတစ်ခုလောက်ရမလားမသိနိုင်ဘူး"

တောအုပ်ရဲ့အလယ်ကိုရောက်ဖို့Ethanတို့သုံးရက်လောက်အချိန်ယူခဲ့ရသည် သို့ပေမယ့်တောအုပ်ရဲ့အလယ်တည့်တည့်မှာတော့ရေကန်နဲ့တူတာမရှိတဲ့အပြင်အနီးအနားမှာလည်းရေရှိပုံမပေါ်တဲ့​မြေနေရာကြောင့်အခက်တွေ့နေရတော့သည်

'hostဖောလ်ပြန်လာပြီ'

'အတော်ပဲ ဒီတောအုပ်ထဲမှာနှလုံးသားရေကန်ဆိုတာရှိတယ်ဆို ဘယ်မှာလဲသိလား'

'ရှိတော့ရှိပေမယ့်မရှိဘူး'

'လာပြီ ရစ်ပြန်ပြီ ရှင်းအောင်ပြောဟ'

'တကယ်တော့နှလုံးသားရေကန်ဆိုတာရှိတယ်ဒါပေမယ့်​မမြင်ရဘူး ဟိုးအရင်တုန်းကဆိုရင်တော့hostတို့တွေးထားသလိုပဲဒီနေရာကြီးမှာရေကန်ကတည်ရှိနေခဲ့တာ နောက်ကျတော့ဒီတောအုပ်ထဲကိုရောက်လာတဲ့လူတစ်ယောက်ကတောအုပ်ရဲ့ရတနာထဲမှာရေကန်ကိုထည့်ပိတ်လိုက်တာ'

System 0461 [Uni&Zaw]Where stories live. Discover now