💓

ညချမ်းသည် အရင်ကထက်ပိုလို့ ပြည့်စုံနေသည်။ ကောင်းကင်ညို့ညို့မှာ မပီမပြင်ဝိုးတဝါး ကြယ်ပြောက်လေးတွေရယ် တစ်ခြမ်းပဲ့ လလေးရယ် တိမ်စိုင်အချို့ရယ်။
ဖြည်းဖြည်းချင်းတိုက်ခတ်နေတဲ့လေပြေလေးတွေရယ်။ ချန်းယောလ်ရင်ခွင်ထဲက ကောင်လေးရယ်။

ချစ်သူတွေဖြစ်သွားပြီးကတည်းက အားတာနဲ့ သူ့ရင်ခွင်ထဲတိုးတတ်တဲ့ ယုန်ငယ်လေးက အခုလည်း သူ့ရင်ခွင်ထဲကနေ ကောင်းကင်ကိုမော့ငေးကြည့်လို့နေပြန်သည်။

"ကိုကို....ပင်လယ်ရေသံကြားရတယ်"

"အင်း ညက အရမ်းတိတ်ဆိတ်နေလို့လေ"

"ကိုကို....ဒီပုလဲနက်လေးက ပင်လယ်ထဲကရတာလားဟင်"

"အင်း ပုလဲတွေကတော့ ပင်လယ်ထဲကရတာများတာပေါ့"

ကလေးလေးက လက်နေတဲ့ ပုလဲနက်ဆွဲကြိုးလေးကို ကိုင်ကြည့်ကာ မေးနေခြင်းဖြစ်သည်။

"ကိုကို့ကိုပေးမယ်"

"ဘာလို့လဲ ကလေးလေးရယ်
ကလေးလေးပဲ ဆွဲထားလေ"

"ဟိုပုံပြင်ထဲကလိုလေ ကလေးလေးနဲ့ကိုကိုအမြဲတူတူရှိနေသလိုခံစားရအောာင်"

"ကိုကိုတို့က တူတူရှိနေတာပဲ မလိုဘူးနော် ကလေးလေး
ကလေးလေးပဲ ဆွဲထား"

"အိပ်ချင်ပြီ ကိုကို"

"အိမ်ထဲဝင်ရအောင်လေ"

"ဒီလိုလေးပဲ အိပ်မယ်
ကလေးလေး အိပ်ပျော်သွားရင် ကိုကိုက အိပ်ယာပေါ် ပို့ပေး"

"ဟုတ်ပါပြီ အိပ်တော့နော်"

ဆံပင်နုနုလေးတွေကို ပွတ်သပ်ပေးတော့ မျက်လုံးလေး မှေးသွားရာကလေ ဆတ်ခနဲပြန်ထလာသည်။

"ကိုကိုနေဦး ဂွတ်နိုက်ကစ်စ်လေး"

မျက်လုံးလေးမှိတ်ကာ နှုတ်ခမ်းလေးထော်ပေးသည့် ကလေးလေးရဲ့ပါးကို ချစ်စနိုးနဲ့ဆွဲလိုက်ပြီး နဖူးပေါ်ကို ညင်ညင်သာသာ အနမ်းတစ်ပွင့် သက်ဆင်းလိုက်သည်။ ဒီကလေးလေးကို အထိခိုက်အပွန်းအပဲ့မခံနိုင်လွန်းလို့ နှုတ်ခမ်းလေးကို နမ်းဖို့တောင် သူ့မှာ တွန့်ဆုတ်ရပါသည်။ ရင်ခွင်ထဲပြန်တိုးလာတဲ့ကောင်လေးကို ခပ်တင်းတင်းလေးဖက်ရင်း အိပ်ပျော်သွားတဲ့အထိ စောင့်ပြီးမှ သူ့အိပ်ယာပေါ် ပြန်ပို့ပေးရသည်။

Red String of FATEWhere stories live. Discover now