"ကလေးလေးက နိုးလာတော့ အိပ်မက်မက်နေတယ် ထင်တာ
အဲ့လိုထပ်မဖြစ်အောင် ကိုကိုက ကလေးလေးနိုးတာနဲ့ မောနင်းကစ်စ် ပေးရမယ်နော်"

"အလည်လေးနော် အလုပ်သွားလုပ်တော့"

"ဟုတ်ကဲ့ပါခင်ဗျ"

ချစ်စရာကောင်းအောင်ပြောပြီး ပြေးထွက်သွားတဲ့ကောင်လေးက လုံးလုံးတစ်တစ် ဝက်ဖြူလေးနဲ့တူသည်။ ဒီကလေးလေးကို သူ့ခံစားချက်အတိုင်း ချစ်လိုက်မိတာမှန်ရဲ့လားလို့ သူတွေးမိနေသည်။ သူ့ရဲ့ ဆုံးဖြတ်ချက် အမှားတစ်ခုခုကြောင့် ကလေးလေး ထိခိုက်သွားမှာကို သူကိုယ်တိုင် နာကျင်ရမှာထက် ပိုကြောက်ပါသည်။

မြတ်နိုးလိုက်ရတာ ကလေးငယ်ရယ်။

💓

"ကိုကို ခွံပေး"

နေ့လည်စာစားချိန် စားသောက်ဆောင်မှာ ခြံလုပ်သားတွေစုံနေတုန်း ဇွန်းကြီး အတင်းထိုးပေးကာ ခွံကျွေးခိုင်းနေသော ကလေးလေးကြောင့် အားလုံးရဲ့အကြည့်က သူတို့ဆီမှာ။ အကုန်လုံးက သူတို့အခြေအနေကို ရိပ်စားမိဟန် ပြုံးစိစိနဲ့မို့ ချန်းယောလ်က မျက်နှာတွေပူလာရသည်။

"ကလေးလေးကလည်း ကိုယ့်ဘာသာစားတတ်ရဲ့သားနဲ့"

"ကလေးလေးက အသီးခြောက်တွေထည့်ရတာ
လက်တွေက ညောင်းနေပြီ ကိုကိုရဲ့

ချစ်တယ်ဆို ခွံ့ပေးနော်"

နောက်ဆုံးစကားကို ချန်းယောလ်နားနားကပ်ကာ တိုးတိုးလေးပြောပြီး မျက်လုံးဝိုင်းလေးတွေကလည်း မရမချင်းပူဆာတော့မည့် အရိပ်အယောင်နှင့်။ မလုပ်ပေးဘူးလို့သာ ငြင်းလိုက်ရင် ချက်ချင်းထိုင်ငိုနေလောက်သည်မို့ သူကပဲ အလျော့ပေးအလိုလိုက်ရပြန်သည်။

"ဒီတစ်ရက်ပဲရမယ်နော်"

"ဟုတ်..."

လိုချင်တာရသွားတာနဲ့ ချက်ချင်းလိမ္မာပြတဲ့ကောင်လေးကို သူလည်းမနိုင်တော့ပါဘူး။
နိုင်လည်း မနိုင်ချင်ပါဘူး။ အမြဲတမ်း ကလေးလေး အလိုကိုလိုက်ပြီး ပျော်အောင်ထားပေးချင်တာ သူ့ရဲ့စေတနာအမှန်ပဲဖြစ်သည်။

"ကိုကို လက်တွဲထားပေး
ဟင့်အင်း မဟုတ်ဘူး ဒီလို ဒီလို"

ထမင်းစားဆောင်ကပြန်တာကို သူ့ဘာသာ လမ်းမလျှောက်ပဲ လက်တွဲခိုင်းသည့် ကလေးလေး။ လက်ကိုကိုင်ပြီးလျှောက်တော့လည်း သူကမကျေနပ်သေး။ လက်ချောင်းချင်းယှက်ကာ ကိုင်စေပြန်သည်။ တကယ်ပါပဲ။ ဒီကလေးလေးက ဘာလို့ဒီလောက် အချွဲပိုနေမှန်းမသိဘူး။ လိုချင်တာရသွားတော့ မျက်နှာလေးက ခပ်မော့မော့နဲ့ တစ်ကမ္ဘာလုံးကို သူပိုင်လိုက်ရသည့်ရုပ်မျိုး။ တတ်လည်းတတ်နိုင်တဲ့ ငလည်လေးပါပဲ။

Red String of FATETempat cerita menjadi hidup. Temukan sekarang