စိတ်ပျက်သွားတဲ့ ဝက်ကလေးကတော့ ဝက်လေးလို နှုတ်ခမ်းကို ပိုစူထော်ထားလိုက်တော့သည်။

💓

"ဟွန်း ဒီအိတ်ကလည်း ဘာလို့သေးနေတာလဲ"

အသီးခြောက်ထည့်တဲ့ အိတ်လေးကို ကြည့်ကာ အပြစ်ဆိုနေသော ကောင်လေးကို ချန်းယောလ် အလုပ်လုပ်နေရာက မသိမသာ ကြည့်လိုက်သည်။ မနက်ကတည်းက စကားလည်း သေချာမပြောဘဲ တစ်ယောက်တည်း ဘာတွေ စိတ်ကောက်နေရပြန်တာလဲ။ ညတုန်းက ထိုင်ခုံပေါ်မှာ ဖက်လျက်သား အိပ်ပျော်သွားလို့ သက်သက်သာသာဖြစ်အောင် ကုတင်ပေါ်ပြောင်းတင်ပေးပြီးအိပ်ရေးမဝမှာစိုးလို့ သူက စောစောတောင် မနှိုးခဲ့တာလေ။ ဒါကို ကလေးလေးက ဘာတွေ စိတ်ကောက်နေရတာလဲ။

"ကလေးလေး ဒီကိုလာဦး"

သူခေါ်လိုက်တော့ လက်ထဲက ကိုင်ထားတာတွေကို ပစ်ချပြီး အနားကို ချက်ချင်းရောက်လာသည်။ စူထုတ်ထားသည့် နှုတ်ခမ်းကိုတော့ အခုထိ မသိမ်းသေး။

"ကလေးလေးက ဘာတွေစိတ်မကြည်ဖြစ်နေတာလဲ
အိပ်ရေးမဝသေးတာလား"

"မဟုတ်ပါဘူး"

"ဒါဆို ဘာလို့လဲ
အလုပ်လုပ်ရတာ ပျင်းလာလို့လား"

"ဟင့်အင်း"

"အလုပ်လုပ်ဖို့ အားလိုနေတာလား
ကိုကိုပေးမယ်လေ"

လက်ကလေးကို အသာဆွဲကာ သူ့ပေါင်ပေါ် ထိုင်စေပြီး ပါးလေးကို မွခနဲနေအောင် နမ်းတော့ မျက်လုံးပြူးလေးတွေနဲ့ ပြန်ကြည့်သည်။

"ကိုကို...ဒါဆို တကယ်ပေါ့နော်"

"ဘာကိုလဲ ကလေးလေးရဲ့"

"ကိုကိုနဲ့ ကလေးလေး တကယ်ချစ်သူတွေဖြစ်သွားတာပေါ့"

"အင်းလေ ဘာလဲ ကလေးလေးက အိပ်မက်ထင်နေတာလား"

"အွန်း အိပ်မက်ထင်ပြီး စိတ်ညစ်နေတာ
စိတ်ညစ်နေတာနဲ့ ကိုကိုနမ်းလိုက်တာတောင် ဘာမှန်းမသိလိုက်ဘူး
ပြန်နမ်းပေးပါဦး"

ပါးလေးကို ဖောင်းကာ အနားတိုးလာတဲ့ အလည်လေးရဲ့ ပါးနှစ်ဖက်လုံးကို မွှေးကြူလိုက်သည်။ ချစ်မွှေးလုံးလေး။ ချစ်လွန်းလို့ ဖျစ်ညှစ်ပစ်ချင်တော့တာပဲ။

Red String of FATEWhere stories live. Discover now