"ကလေးလေးရေ ကြာနေပြီ
အအေးပတ်မယ် မြန်မြန်ထွက်ခဲ့"

ကိုကို့အသံကြားမှ သွားတိုက်တံကို ပါးစပ်ထဲကထုတ်ပြီး ရေအမြန်ချိုးရသည်။ ကိုကိုက ပုံမှန်လိုပဲ ဘာမှ မထူးခြားဘူးဆိုတော့ အိပ်မက်နေပါလိမ့်မယ်။ ကလေးလေးက ဝမ်းနည်းသွားပြီ။

ရေချိုးပြီးနောက် ကိုကိုထုတ်ပေးထားတဲ့ ရှပ်အပြာလေးနဲ့ ချည်ဘောင်းဘီ အဖြူဖွေးဖွေးလေးကို ယူဝတ်လိုက်သည်။ ကိုကိုကတော့ ဝတ်နေကျ ဂျင်းအပြာနဲ့ ရှပ်အပြာလေးဝတ်ထားသည်။ ဒီလိုကြည့်မှ သူတို့က အတွဲလိုလို ဘာလိုလို။ ကိုကို့ကို ငေးကြည့်နေတော့ ကိုကိုက သူ့လက်ကိုဆွဲကာ စားပွဲမှာဝင်ထိုင်စေသည်။

"အိပ်ရေးမဝတာလား
နေမကောင်းလို့လား
ဘာဖြစ်နေတာလဲ ကလေးလေး"

"ဟင့်အင်း..."

ခေါင်းသာခါပြလိုက်ပြီး ကိုကိုပြင်ပေးထားတဲ့ မနက်စာကို စိတ်မပါလက်မပါ ကုန်အောင်စားပစ်လိုက်သည်။ ထို့နောက် နှီးဦးထုပ်ဝိုင်းလေးကို ခေါင်းပေါ်စောင်းလိုက်ပြီး အလုပ်သွားရန် အဆင်သင့် ပြင်ဆင်လိုက်သည်။ ကလေးလေးကို ကားပေါ်တင်ပေးပြီး ကိုကိုတက်မလာခင် ဦးလေးဂျွန်က ဆိုလာမီးချောင်းလေးယူကာ အိမ်ဘက်ကို ရောက်လာသည်။

"ချန်းယောလ်လာပေးတဲ့ မီးကြောင့် ညက တော်တော် အဆင်ပြေသွားတယ်"

"ကျွန်တော်စောစောက ပေးထားရမှာ
ထားခဲ့လိုက်လေ ဦးလေး အားပြန်သွင်းပေးထားမယ်"

"အေး အေး
ကလေးလေးရော"

"ကားပေါ်ရောက်နေပြီ"

"မိုးသည်းထားတော့ ကားဖြည်းဖြည်းမောင်းသွားဦး"

"ဟုတ် သွားတော့မယ်နော် ဦးလေး"

ကားမောင်းတဲ့ တစ်လမ်းလုံးလည်း ကိုကိုက ကားရှေ့ကိုသာကြည့်ကာ ဂရုတစိုက်မောင်းနေသည်။ ကိုကိုက တကယ်ကို ဘာမှထူးခြားမလာဘူး။ ကလေးလေးကိုလည်း ဘာမှ မပြောဘူး။ သူတို့သာ တကယ်ချစ်သူတွေဖြစ်ခဲ့တာဆို ကိုကိုက ကလေးလေးကို မောနင်းကစ်စ်‌ လေးဘာလေး ပေးသင့်တာပေါ့။ ကလေးလေးကတော့ ကိုကိုနဲ့ချစ်သူဖြစ်ရပြီဆိုပြီး ပျော်နေခဲ့တာ။ အခုတော့ အလကားပဲ။ ဟွန်း။

Red String of FATEWhere stories live. Discover now