"ကိုကို့နားမှာအမြဲနေချင်ရင် ကိုကို့ကို အားကိုးရင်
ပြီးတော့ ကိုကို့ကို ကြည့်ပြီး ပြုံးမိရင်
ကိုကို့နောက်မှာ အလင်းရောင်တွေထွက်နေရင် အဲ့ဒါချစ်တာတဲ့"

"မင်ချောပြောတာကို ကလေးလေးက ယုံလား"

"တကယ်မှန်တာပဲကို
ကလေးလေးက ကိုကို့နားမှာအမြဲနေချင်တယ်
ကိုကို့ကိုပဲ အားကိုးတယ်
ကို့ကို့နောက်မှာလည်း အလင်းတန်းတွေမြင်ရတယ်
ကိုကို့ပြုံးရင်လည်း လိုက်ပြုံးမိတယ်
ကိုကို ကလေးလေးကလေ ကိုကို့ပါးချိုင့်လေးထဲမှာပဲ အမြဲဝင်နေချင်တော့တာပဲ"

ချန်းယောလ်ပါးကို တို့ထိပြီးပြောလာသောကြောင့် ရင်ခုန်သံတွေတောင် ကမောက်ကမ။ ကလေးက ဒါတွေကို ဘယ်လိုများပြောတတ်နေရတာလဲ။ သူဘယ်လိုပြန်တုံ့ပြန်ရမလဲတောင် မသိတော့။

"ဟင် ကိုကို မချစ်ဘူးလား"

မျက်လုံးဝိုင်းလေးတွေက သူ့ဆီကအဖြေကို မျှော်လင့်တကြီးစောင့်စားနေတာ သိသာလှသည်။ သူ့ပါးပေါ်က မဖယ်သေးတဲ့ လက်ကလေးရော နောက်လက်တစ်ဖက်ကိုပါ သူပြန်ပြီး ဆုပ်ကိုင်လိုက်သည်။

"ကလေးလေး အဲ့ဒါကလေ..."

"ဟင့် သိပါပြီ
ကိုကိုက ကလေးလေးကို မချစ်ဘူး
ဂိုယူဂျောင်းကိုပဲချစ်တာ
ကိုကိုက ဂိုယူဂျောင်းနဲ့ဆို အမြဲရယ်နေတာ ကလေးလေးကိုဆို ဆူတယ်"

မျက်လုံးဝိုင်းတွေထဲ မျက်ရည်တွေပြည့်လာရုံသာမက လျှံကျလာသောကြောင့် သူ့မှာပျာနေအောင် သုတ်ပေးရသည်။ ဒီကလေး ဝမ်းနည်းတတ်လိုက်တာလည်း တအားပဲ။

"ကလေးလေး သေချာနားထောင်နော်
ယူဂျောင်းက ကိုကို့ရဲ့ သူငယ်ချင်း
ကိုကိုက သူ့ကို သူငယ်ချင်းလို့ပဲ သဘောထားတယ်
သူနဲ့ ကလေးလေးနဲ့ ယှဉ်ပြီးပြောစရာမလိုဘူး"

"ဒါဆို ကလေးလေးကရော"

"ကိုကိုက ဒီကလေးလေးကိုမှ မချစ်ရင် ဘယ်သူ့ကို သွားချစ်ရမှာလဲကွာ"

ငိုထားလို့ရဲနေတဲ့ ပါးဖောင်းလေးတွေကို ဖွဖွလေးဆွဲရင်းပြောတော့ တဟိဟိရယ်သံလေးများထွက်လာသည်။ သူလိုချင်တာရသွားတဲ့ ကလေးလေးက ချန်းယောလ်ရဲ့ရင်ခွင်ကျယ်ကြီးထဲ အတင်းတိုးဝင်ကပ်တွယ်လို့နေတော့သည်။

Red String of FATEWhere stories live. Discover now