💓

ညနေကတည်းက တအုန်းအုန်းရွာနေသည့်မိုး။ ရုတ်ချည်းပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့်သူတို့ အလုပ်တောင် စောစောနားခဲ့ရသည်။ ချန်းယောလ်ကားနဲ့ပဲ အနီးအနားမှာနေတဲ့ လုပ်သားတွေကို အိမ်ပြန်ပို့ပေးပြီး သူတို့ကိုယ်တိုင်လည်း စောစောပြန်လာခဲ့သည်။ မုန်တိုင်းလည်း မကြေငြာထားပါဘဲ မိုးက ဘာလို့များရွာတာပါလိမ့်။

"ကိုကို မိုးတွေအရမ်းရွာတာပဲ"

ဂွမ်းသား ဝမ်းဆက်လေးထဲမှာ မြုပ်နေတဲ့ကောင်လေးက မိုးကို မကျေမနပ်ပုံနှင့်ပြောသည်။ သူကြောက်သည့် မိုးခြိမ်းသံများကြားရမှာစိုး၍ မိုးကို စိတ်ကောက်ချင်နေတဲ့ ကလေးလေး။ သူ ကလေးဆံပင်လေးများကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

"မိုးခြိမ်းမှာကြောက်လို့လား ကိုကိုရှိတယ်နော်"

"အွန်း"

အိမ်တွင်းက ခပ်မှိန်မှိန်မီးရောင်ကြောင့် သူ ဆိုလာ မီးတစ်ချောင်းကိုပါ ထပ်ထွန်းလိုက်သည်။ မိုးရွာလျှင် လျှပ်စစ်ဓာတ်အားပြတ်ပြီး ဆက်သွယ်ရေးလည်း ပြတ်တတ်သည်။ သူက အသားကျနေပေမဲ့ ကလေးလေးကြောက်နေမှာ စိုးရိမ်သည်။ ညနေအိမ်ပြန်ရောက်ကတည်းက ညစာကျွေးထားပြီးသားမို့ ဗိုက်ဆာလျှင် မုန့်နှင့်အသီးတွေသာ ကျွေးရန်လိုတော့သည်။ ကြိုပြောမရသည့် ရာသီဥတုအခြေအနေကြောင့် ချန်းယောလ်က လိုအပ်တာတွေ အားလုံး ပြင်ဆင်ထားလိုက်သည်။

"ကလေးလေး....ကိုကိုလေ ဦးလေးဂျွန်ကို
ဒီမီးလေး သွားပေးဦးမယ်နော်
ဦးလေးဂျွန်တို့အိမ်မှာ မီးပျက်ရင် ဆိုလာမရှိမှာစိုးလို့"

"ကလေးလေးက ကြောက်ပါတယ်ဆို ကိုကိုနော်"

"ခဏလေးပါကလေးရယ်
မိုးနည်းနည်းပါးသွားတုန်း ကိုကို မြန်မြန် သွားပေးလိုက်မယ်နော်"

"အင်း မြန်မြန်"

ချန်းယောလ် ထီးတစ်ချောင်းကိုဆွဲယူပြီး ဦးလေးဂျွန်တို့အိမ်ဘက် ကူးခဲ့သည်။ အရင်ကတည်းက ဦးလေးဂျွန်တို့အတွက် ဆိုလာမီးကို ချန်းယောလ်က အားသွင်းပေးနေကျမို့ အခုချိန်သွားမပေးထားရင် လျှပ်စစ်ပြတ်တောက်သည့်အခါ ခက်အခဲရှိနိုင်သည်။ ကလေးတစ်ယောက်တည်း ကြောက်နေမှာစိုးသောကြောင့် မီးချောင်းပေးပြီးတာနဲ့ အမြန်လေးပြန်လာခဲ့သည်။ ကံကောင်းစွာပဲ မိုးက အနည်းငယ်သာရွာ၍ မိုးမခြိမ်းသေးပေ။

Red String of FATEWhere stories live. Discover now