ကိုကိုကတော့ ပွဲအနီးမှာ လိုအပ်တာတွေ ညွှန်ကြားလို့နေသည်။ ကိုကို့ဘေးမှာတော့ ဂိုယူဂျောင်းက တတွဲတွဲ ကပ်ပါလျက်။ စိတ်ဆိုးလာတဲ့ ကလေးလေးက ဒေါသတကြီးနဲ့ အာလူးကြော်တစ်ချပ်ကို တဂျွတ်ဂျွတ်မြည်အောင် ယူဝါးလိုက်ပါတော့သည်။ ကိုကိုကပြောတော့ သူ့နားမှာနေဆိုပြီး အခုကျတော့ ဂိုယူဂျောင်းကိုခေါ်ထားတယ်။ ကိုကို မကောင်းဘူး။
💓
ချန်းယောလ် မင်္ဂလာပွဲနားမှာ လိုလေသေးမရှိအောင် လုပ်ပေးပြီးနောက် ခုံအလွတ်တစ်ခုမှာဝင်ထိုင်လိုက်သည်။ ဝိုင်သိုလှောင်တဲ့နေရာကို လှမ်းကြည့်လိုက်တော့ အစားပုတ်လေးက အာလူးကြော်တွေကို ပလုတ်ပလောင်းဝါးလို့။ ဂျွန်ဟီးက ရေခွက်အတင်းပေးနေသလို မင်ချောကလည်း အင်္ကျီပေါ်ကျတာတွေကို အဝတ်နဲ့ ခါပေးလို့နေသည်။
"အားမကျဘူးလား ချန်းယောလ်"
"ဟင် ဘာကို..."
ကလေးလေးကို ငေးကြည့်နေရာမှ ယူဂျောင်းရဲ့ မေးခွန်းကြောင့် သူ ယူဂျောင်းဘက် ပြန်လှည့်ကြည့်လိုက်သည်။ ယူဂျောင်းက သူငယ်ငယ်ကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း။ လူငယ်ဘဝရဲ့ အစပိုင်းနေ့ရက်တွေမှာ အနည်းငယ် စိတ်လှုပ်ရှားမှုမျိုးပေးနိုင်ခဲ့တဲ့ မိန်းကလေးပေမဲ့ ရင့်ကျက်လာတဲ့အချိန်မှာတော့ ယူဂျောင်းကို သူငယ်ချင်းကောင်း မိတ်ဆွေကောင်း အနေနနဲ့သာ ဆက်လက် ခင်မင်သွားလိုတော့သည်။
"မင်္ဂလာပွဲကိုပြောနေတာ
နင်လည်းအသက်မငယ်တော့ဘူးလေ...
.
.
ငါရောပေါ့"
"ငါ လက်ထပ်ဖို့ အစီအစဉ် မရှိသေးဘူးဆိုပါတော့"
"လက်ထပ်ဖို့ စိတ်ကူးရောရှိရဲ့လား"
"အင်း ရှိတာပေါ့
ငါမြတ်နိုးရတဲ့သူနဲ့ တစ်နေ့နေ့ ဒီနေရာလေးမှာပဲ လက်ထပ်ဖြစ်လိမ့်မယ်"
ဂိုယူဂျောင်းကလည်း သူ့အတွေးနဲ့ သူ ပြုံးနေခဲ့သလို ချန်းယောလ်ကလည်း ပြုံးနေခဲ့ပါသည်။ ချန်းယောလ်ရဲ့ မျက်လုံးအိမ်ထဲက ပုံရိပ်ယောင် ထင်ဟပ်မှု အစိတ်အပိုင်းလေးကို သေချာကြည့်လိုက်မယ်ဆိုရင် အစားသောင်းကျန်းနေတဲ့ ဝက်ကလေးတစ်ကောင်ကို မြင်ရပါလိမ့်မည်။ မြတ်နိုးလိုက်ရတာ ဝက်ကလေးရေ။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 14
Start from the beginning
