သူကရော...။ သူက ကလေးလေးဘာကိုမှ မသိနားမလည်ခင်ကတည်းကကို ကလေးလေးအပေါ် သံယောဇဉ်ပိုမိတဲ့ သူပါပဲလေ။အချိန်တန်ရင် ကလေးငယ်က သူ့အနားကနေ ခွဲသွားမယ်ဆိုတဲ့ အသိစိတ်နဲ့ သူ့ခံစားချက်တွေကို ဖုံးကွယ်လို့နေခဲ့မိပါသည်။ သူပဲခံစားရပါစေ။ ကလေးငယ်ရဲ့ ဖြူစင်တဲ့ နှလုံးသားလေးကိုတော့ နည်းနည်းလေးမှ အထိခိုက် အပွန်းပဲ့ မခံနိုင်ပါ။
ကိုကိုက မင်းရဲ့ စိတ်ရော ခန္ဓာကိုယ်ကိုပါ အထိအခိုက်မရှိ တယုတယ ပိုးမွေးသလို စောင့်ရှောက်ထားချင်တာ။
"လူစိမ်းတွေ လာမှာဆိုတော့ ကလေးလေးက ကိုကို့နားမှာပဲနေရမယ်နော်
ကိုကိုနဲ့တူတူမဟုတ်ရင် မင်ချောနဲ့ ဂျွန်ဟီးတို့နားမှာနေ
အလုပ်ရှုပ်နေတုန်း အပြင်ထွက်တာ သူများနဲ့လိုက်တာ မလုပ်ရဘူး ကြားလား ကလေးလေး"
"ကိုကို့နောက်မှာပဲ အမြဲကပ်နေမှာ"
"ပြောတာပဲ ပြီးရင် အစားသောက်မြင်တာနဲ့ လျောက်ထွက်သွားတာကို"
"ဟီးဟီး ကိုကိုကလဲ
ဒါနဲ့ ဘာကျွေးမှာလဲဟင်"
"ဝက်ကလေး"
ကိုကိုက နှာခေါင်းလေးကို ညှစ်ပြီးပြောတော့ ကလေးလေးက နှာမှုတ်လိုက်မိသည်။ သူ့ကိုဆို ဝက်ကလေး ဝက်ကလေးနဲ့ အမြဲအသည်းတယားပုံစံလုပ်တတ်သည်။ ဂိုယူဂျောင်းကိုကျတော့ ကိုကိုက အပြုံးတွေပေးပြီး ကောင်းကောင်းမွန်မွန်စကားပြောသည်။
ကလေးလေးက မနာလိုပါဘူး။ ဂိုယူဂျောင်းလို သွယ်သွယ်လျလျလေးဖြစ်ဖို့ကလည်း ကလေးလေးက အစားမှ မလျော့နိုင်တာ။
ကိုကိုက ဝက်ကလေးတွေကို ချစ်တတ်သလား။ ကလေးလေး စဉ်းစားစရာတစ်ခုတိုးလာပြန်ပါပြီ။
💓
မင်္ဂလာပွဲက သတို့သား သတို့သမီး၊ အခမ်းအနားမှူးနဲ့ ဧည့်သည် ၁၀ ယောက်ကျော်သာရှိသည်။ တော်တော်လေး အေးချမ်းပြီး ကြည်နူးစရာကောင်းလွန်းသည်။ ဝိုင်သိုလှောင်သည့် အဆောက်အဦရဲ့ အပြင်ဘက် အမိုးအောက်ကနေ ကလေးလေးရယ်၊ မင်ချောရယ် ဂျွန်ဟီးရယ်က ပွဲကိုလှမ်းကြည့်နေကြသည်။
နေအရမ်းမပြင်းသော်လည်း နေထွက်စပြုနေပြီမို့ ကိုကိုက ကလေးလေးကို သူနဲ့အတူ မြက်ခင်းပြင်ကို လိုက်မလာစေပါ။ မင်ချောရော ဂျွန်ဟီးကိုပါ အထူးတာဝန်အနေနဲ့ ကလေးလေးဘေးမှာ စောင့်ကြည့်ဖို့ ထားပေးခဲ့သည်။
DU LIEST GERADE
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 14
Beginne am Anfang
