"ကိုကိုရေ ကယ်ပါဦးလို့"

"ကလေးလေး ဘယ်လိုဖြစ်လို့ကျသွားတာလဲ"

"နည်းနည်း လှိမ့်လိုက်မိတာ"

လုံးတစ်နေတဲ့ ကိုယ်လုံးလေးကို ဆွဲထူပြီးကုတင်ပေါ်ပြန်ထိုင်ခိုင်းတော့ သူ့တင်ပါးလေးတွေကို လက်နဲ့ ဖိပွတ်နေသည်။ ဘယ်နေရာကိုင်ကိုင် အသားချည်းပဲဆိုတော့ ပြုတ်ကျရင် ပိုနာရှာမှာပေါ့။

"ကုတင်က ကျယ်ရဲ့သားနဲ့ကို
အရမ်းဆော့တာပဲ"

ကိုကိုက သူ့ပါးလေးကိုဆွဲပြီး ချစ်စနိုးနဲ့ပြောတော့ ကလေးလေးမှာ သဘောတကျ။
ကိုကိုကလည်း သူ့ကို ချစ်နေမှာပါ။ အများကြီးချစ်မှာ။

"ကလေးလေး ဗိုက်ဆာပြီ ကိုကို"

"ဦးလေးဂျွန်တို့အိမ်မှာ ညစာသွားစားမယ် လာ"

ကလေးလေးရဲ့ လက်ကို တွဲပြီး ခေါ်သွားတော့လည်း ကလေးလေးက ခုန်ဆွခုန်ဆွနဲ့ လိုက်သွားရသည်။ ကိုကိုအနားမှာရှိရင် ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားရသလိုမျိုး...ဒါကို သူသိပ်ကြိုက်တာပဲ။

💓

ဒီနေ့ ချန်းယောလ်တို့ ခြံလေးထဲ မင်္ဂလာပွဲ ကျင်းပမည့်နေ့။ တစ်ခါမှ ပွဲလက်မခံဖူးပေမဲ့ မင်္ဂလာပွဲက ယူဂျောင်း သူငယ်ချင်းတွေဆိုတော့ ချန်းယောလ်က အားနာနာနဲ့ လက်ခံလိုက်တာဖြစ်သည်။ ပွဲစီစဉ်သူနဲ့ စနစ်တကျ ပြင်ဆင်လိုက်တော့ သူတို့ခြံလေးက ယခင်ထက်ပိုပြီး ကြည့်ကောင်းလှပသွားသည်။ မြို့ကြီးမဟုတ်တဲ့ နယ်မြို့လေးမှာ အပေါင်းအသင်းနည်းနည်းနဲ့သာ ကျင်းပမည့် ပွဲငယ်လေးက သူတို့ခြံနှင့် ကွက်တိပဲဖြစ်သည်။ ခြံပိုင်ရှင်တစ်ယောက်အနေနဲ့ ချန်းယောလ်လည်း ပွဲအစအဆုံးရှိနေမှာဖြစ်ပြီး မျက်စိအောက်က အပျောက်ခံလို့မရတဲ့ ကလေးလေးကိုလည်း သူ့အနားမှာ ခေါ်ထားရပါဦးမည်။

"ကလေးလေး အင်္ကျီကြယ်သီး သေချာတပ်"

"ကိုကို တပ်ပေး"

အခုတလော ကလေးလေးက သူ့ကို လိုတာထက် ပိုချွဲလာသည်။ အရင်လို ဂျစ်တိုက်တာထက် ချွဲနေတာလေးက ပိုချစ်စရာကောင်းသည်။ ပြီးတော့ သူ့ကိုလိုက်ကြည့်တတ်တဲ့ ကလေးလေးမျက်ဝန်းတွေက အရင်လောက် မရိုးစင်းတော့တာကို သူ သတိထားမိသည်။

Red String of FATEWhere stories live. Discover now