အပိုင်း-၅

1.1K 152 99
                                    

အချစ်ကိုငွေနဲ့ဝယ်လို့မရဘူးတဲ့။
ရယ်စရာကောင်းတာတစ်ခုပြောရရင် သူကအချစ်ကို ကျေးဇူးတရားတွေနဲ့ဝယ်ပစ်ခဲ့တာ။ တက်တက်မက်မက်ဘယ်လောက်ပဲမရှိချင်ယောင်ဆောင်ဆောင် စိတ်ထဲမှာမောင့်ကို အကြိမ်ကြိမ်ပိုင်ဖို့ကြိုးပမ်းခဲ့တာ။ တစ်ချိန်လုံးအထက်မှာပဲ ရှိခဲ့တဲ့ Kim seokjin မို့ အမိန့်ဆန်တဲ့ အသုံးအနှုန်းတွေသုံးနေပေမယ့် မောင့်အပေါ် မြတ်နိုးမှုတွေသည် နှိုင်းပြစရာစရာစကားလုံးတွေ​တောင် ကင်းမဲ့ခဲ့တယ်။မောင်မသိတာက လွဲလို့ပေါ့လေ...။

ကျွန်လိုသခင်လို ဆက်ဆံရေးမှာ သူ့စပျော့ညံ့လိုက်ရင် မောင်သူ့ကိုအထင်သေးသွားမှာလည်းဆိုးခဲ့သည်။ အဘွားကလည်း namjoonနဲ့လက်ထပ်မှ အမွေပေးမည်ဖြစ်ကြောင်း ရာဇသံထုတ်ခဲ့တော့ အိမ်ကြီးရှင်တစ်ယောက်တိတ်တိတ်လေး ပျော်လုံးဆို့ခဲ့ရတဲ့နေ့တွေဟာ မေ့ကိုမမေ့နိုင်။

ဘယ်နှစ်နှစ်တောင်ရှိခဲ့ပြီလဲ....။ ထောင်ထောင်မောင်းမောင်းသူ့အရပ်ကြီးနဲ့မှမလိုက် ချစ်စရာကောင်းတဲ့အပြုအမှုလေးတွေ၊ ကြောက်ရွှံ့တုန်လှုပ်တဲ့မျက်ဝန်းတွေ၊ အဆူခံရတိုင်း တင်းတင်းစေ့ထားတတ်တဲ့​သေသပ်တဲ့ နှုတ်ခမ်းတွေ​တွေ၊ တစ်ခါတစ်လေ ဟန်ဆောင်ပြုံးမှ မြင်ရတဲ့ ပါးချိုင့်လှလှလေးတွေ စသဖြင့်
မောင်နဲ့ပတ်သတ်သမျှ အရာရာအမျိုးမျိုးကို တိတ်တိတ်လေးရူးနှမ်းနေခဲ့မိတာ....။

သူကချစ်စရာပုံစံလေးတွေကိုသဘောကျတယ်။ အပင်သေးသေးလေးတွေ၊ကျောက်စရစ်လေးတွေ၊ ပန်းခြောက်လေးတွေအားလုံးကိုသူသိမ်းထားတတ်တယ်။ အမြဲတမ်းအေးချမ်းတဲ့အရာတွေကိုပဲ ရွေးချယ်လက်လှမ်းတတ်သူကိုမှ သူရဲ့လောမြိုက်နေတဲ့ လက်တစ်စုံနှင့် ဆွဲထားမိခဲ့တယ်လို့ပဲဆိုရမလား...။

မင်းအတွက်လှောင်ပိတ်နေမှန်းသိပေယ့်လွှတ်ဘူးဘယ်တော့မှလက်လွှတ်နိုင်မှာမဟုတ်ပါဘူး မောင်ရယ်...။

တစ်ဖက်ကစာမျက်နှာတွေကို မောင် မသိနေ။ သိလည်းမသိချင်ခဲ့ပါ။ သူမြင်ရတဲ့ဘက်ခြမ်းက ​မောက်မာမှုတွေကိုသာ နှလုံးသွင်းထားတတ်သည်။

မဟူရာမျဥ်းပြိုင်Where stories live. Discover now