အပိုင်း-၂

910 169 152
                                    

နှင်းစက်လေးတွေတဖွဲဖွဲကြွေကြနေတယ်။ ဆောင်းနှောင်းရာသီမို့ လေအေးအေးတွေကလည်း စိမ့်ကနဲ သိမ့်ကနဲ...။ ဒေါသတကြီးအရှိန်ပြင်းပြင်းနင်းလာတဲ့ စက်ဘီးလေးဟာလည်း   ဦးတည်ရာလမ်းတွေမဲ့နေသည်။

ထိုစဥ်အမြင်အာရုံထဲရုတ်တရက်ဖြတ်ဝင်လာတဲ့ လိမ္မော်ရောင်​လေး..။

သတိဝင်ချိန် စက်ဘီးဘဲလ်လေးအားအမြန်တီးလိုက်ပေမယ့် ဟိုဟာလေးကလည်းမရှောင်သလို ကိုယ်ကလည်း မရှောင်နိုင်တော့စွာ ဝင်တိုးမိသွားသည်။

"အ..."

စက်ဘီးရောလူရောပုံလျ​က်သားလဲကျသွားပေမယ့် တိုက်ခံလိုက်ရတဲ့ကောင်လေးက ပိုနာမှာ မို့လို့ စိုးရိမ်ပူပန်သွားသည်။ ကိုယ့်ကြောင့်ဖြစ်တာမို့ အားတွေလည်းနာကာ ထူဖို့ကြည့်လိုက်တော့ ပုံလျက်သားလေးလဲနေတာ ကော်ပတ်ရုပ်လေးလိုပဲ...ဒါလေးကလူရောဟုတ်လို့လား...။

"ရရဲ့လား ချာတိတ် တောင်းပန်ပါတယ်။ ကိုယ်နည်းနည်းအာရုံများနေတာနဲ့"

Jimin ဒူးဟာ ရစရာမရှိအောင်ပွန်းပဲ့သွားသည်။ ဘောင်းဘီဖြူဖြူလေးတောင် သွေးအနည်းငယ်စွန်းလျက် နာလည်းအတော်နာသွားကာ ငိုပါငိုချင်လာသည်။ သို့ပေမယ့် လူကြီးဖြစ်နေပြီ မငိုရဘူးလို့ ဂျောင်ဂျောင်ပူစီကမှာထားသည်မို့ အောင့်ခံထားရအုံးမည်။

"စက်ဘီးမို့တော်သေးတာပေါ့။ ကားသာမောင်းရင် ဒုက္ခပဲ လူသေတတ်တယ်သိလား"

ငိုလို့မရတော့ သူအတင်းဖြတ်ပြေးလာတာကိုမတွေးမိတော့။ လူကြီးအား ရှက်ရမ်း၊ရမ်းကာ စွာပစ်လိုက်သည်။

"သိပါတယ်။ အဲ့ဒါကြောင့် ကားမောင်းလိုင်စင်လည်းမရပါဘူး"

"ဟင်"

ငိုချင်တာကိုထိန်းကာ ရန်ရှာပါတယ်ဆိုမှ တစ်ဖက်က အူကြောင်ကြောင်တောင်းပန်မှုကြောင့် Jimin မျက်လုံးလေးတွေဝိုင်းကာ မော့​ကြည့်မိလိုက်သည်။

"တောင်းပန်ပါတယ် ဆေးခန်းသွားမလား"

ဝှား.....ချောလိုက်တာ..။ခန့်ညားလိုက်တာ..။အရပ်ကလည်းအရှည်ကြီးပဲ ...။လုံးဝတည်ကြည်ပြီး တာဝန်ယူတတ်တဲ့စရိုက်လက္ခဏာမျိုး။ Park Jimin ဖူးစာရှင်တွေ့ပြီထင်တယ် အားးးးးးးးးး။

မဟူရာမျဥ်းပြိုင်Where stories live. Discover now