💓
"ကလေးလေးရေ
ထမင်းသွားမစားဘူးလား"
တစ်ယောက်တည်း စဉ်းစားခန်းဖွင့်နေတဲ့ ကလေးလေးက အလုပ်ခန်းထဲ ကိုကိုပြန်ဝင်လာမှပဲ ထမင်းစားချိန်ကျော်နေတာ သတိထားမိတော့သည်။ ဒီနေ့ ဒီဗိုက်လေးက အလိုက်တသိ မအော်ပဲ ငြိမ်နေပေးတာပဲ။ ကို့ကို့နောက်မှာ အလင်းရောင်ရှိမရှိ စူးစမ်းချင်နေတဲ့ ပေါက်စလေးကတော့ ချန်းယောလ်နောက်ကို အတင်းလိုက်ကြည့်နေသည်။
"ဘာလဲ ကလေးလေးရဲ့ ဘာကြည့်တာလဲ"
"အလင်းတန်းထွက်နေမလားလို့"
"အလင်းထွက်ရအောင် ကိုကိုက ပါဝါမှ ရှိမနေတာ
ပုံပြင်စာအုပ်တွေဖတ်ပြီး ဘာတွေပြောပြန်တာလဲ
ထမင်းသွားစားမယ် လာ"
အလင်းတန်းမတွေ့ရလို့ မပျော်တော့တဲ့ ကလေးလေးက ကိုကို့လက်ဆွဲခေါ်ရာ ထမင်းစားဆောင်ကို လေးကန်ကန်နှင့်ပါသွားသည်။ ကလေးလေးက ကိုကို့ကို ချစ်ချင်ပါတယ်ဆို အလင်းတန်းမထွက်တော့ မချစ်ရတော့ဘူးပေါ့။ ကို့ကို့နောက်မှာ အလင်းတန်းထွက်အောင် ဘယ်လိုလုပ်ရမလဲ။ ကလေးလေး စဉ်းစားရလွန်းလို့ ခေါင်းတွေတောင် ပူထူနေပါပြီ။
အတွေးများနေတဲ့ ကလေးလေးက ထမင်းကောင်းကောင်းမစားတာမို့ ကိုကိုကလည်း နေမကောင်းတာလားလို့ စိတ်ပူပြီး နဖူးစမ်းလိုက်၊ ပါးစမ်းလိုက်နှင့်။ လူနေမကောင်းတာမဟုတ်ဘူး စိတ်နေမကောင်းတာ။ နေကောင်းစေချင်ရင် အလင်းတန်းမြန်မြန်ထွက်ပါ ကိုကိုရာ။
💓
တော်တော်လေး တိုသွားပေမဲ့ ဒီနေ့ ဒီလောက်နဲ့ ကျေနပ်ပေးပါနော်
ထပ်ပြီးရေးပေးဖို့ အချိန်မရှိတော့လို့ပါ
မနက်ဖြန် ရှည်ရှည်လေးလာခဲ့မယ်နော် 🙍
(Zawgyi)
ချန်းယောလ်ရဲ့ အသီးခြံလေးက အရင်နဲ့မတူပဲ လူတွေပိုစည်နေသည်။ စိုကျပြိုးခွံဘကျမှာထကျ ဝိုင်ခြံဘက်မှာ ပိုပြီး လူများနေသည်။ဝိုင်ခြံက ဝိုင်ချက်သည့်နေရာနှင့် မြေကွက်လပ်ကျယ်ရှိသည့်အပြင် စပျစ်နွယ်များနှင့် အလှဆင်ထားသည့်အနားယူစရာနေရာလည်းရှိသည်။ အရင်က မြက်ရိုင်းမဟုတ်သော်လည်း အနည်းငယ်ထူသော မြက်ပင်ကြမ်းများရှိတတ်သည်။ အခုတော့ မြက်များကို တုံးနေအောင်ရိတ်ထားပြီး စိမ်းစိုနေရန် ရေလည်း ဖြန်းထားသေးသည်။ ဟိုသွား ဒီသွားရှုပ်နေကြသည့်လူများကိုကြည့်ကာ ကလေးလေးက စပ်စုချင်နေသည်။ ချန်းယောလ် အလုပ်ခန်းမှာ အသီးခြောက်ထည့်လိုက်၊ ဖင်လေးတကြွကြွနဲ့ ဟိုးဘက်ကို လှမ်းစပ်စုလိုက် လုပ်နေတာကို ချန်းယောလ်က မျက်စိနောက်လာပုံပေါ်သည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 13
Start from the beginning
