"ဒီလိုပေါ့ ကလေးလေးရယ်...
အစ်ကိုမင်ချောဆိုလေ အိမ်ကအမျိုးသမီးကို အမြဲ မြင်နေချင်တယ်
ပြီးတော့ လူအများကြီးထဲမှာ သူ့ကိုမြင်ရရင် သူတစ်ယောက်တည်း ကွက်ပြီးလင်းလက်နေသလို ခံစားရတယ်
သူ့နောက်မှာ ရောင်ခြည်တွေ ဖြာထွက်နေတာမျိုးပေါ့
သူပြုံးနေရင်လည်း ကိုယ်က အလိုလို လိုက်ပြုံးမိပြီး ကြည်နူးနေတာမျိုး"
"ဒါဆို ချစ်ပြီလား"
"အင်း အဲ့လိုပေါ့...
နေပါဦး ကလေးလေးက ဒါတွေ ဘာလို့မေးနေတာလဲ"
မျက်ခုံးထူထူလေးတွေကို တွန့်ချိုးကာ တစ်ခုခုကို စဉ်းစားနေတဲ့မင်းသားလေးက မင်ချောမေးလိုက်တော့ လက်မလေးအချင်းချင်း ပွတ်လျက် ဖြေဖို့အချိန်ဆွဲနေသည်။
"ကျွန်တော်ကလေ ကိုကို့ကို ချစ်နေတာလား
မချစ်တာလားဆိုတာ မသေချာလို့ စမ်းစစ်ကြည့်ချင်တာ"
"ဪ အင်း...ဒါဆို အစ်ကိုမင်ချော ပြောတဲ့ နည်းလေးတွေ သုံးကြည့်နော်
အခုတော့ နေပူလာပြီ ကလေးလေးရယ်
အလုပ်ခန်းထဲပြန်သွားပြီးစဉ်းစားလိုက်နော်
နေပူပြီး ထပ်ဖျားနေဦးမယ်"
"အင်း စဉ်းစားလို့ရရင် လာပြောမယ်နော်"
"အင်း အင်း"
မင်ချောက ချန်းယောလ်အခန်းထဲကို ပြန်ပို့ပေးခဲ့ပြီးနောက် ကလေးလေးက စဉ်းစားခန်းဆက်ဖွင့်ကာ အခန်းထဲမှာ ကျန်နေခဲ့သည်။
ကလေးလေးက ကိုကို့ကို ချစ်တာလား။ ကိုကို့ကို အမြဲမြင်နေချင်တယ်။ အားလည်းကိုးတယ်။ ကိုကို့နားမှာလည်း နေချင်တယ်။
အင်း ဒါပေမဲ့ ရောင်ခြည်တွေ။ မင်ချောပြောတဲ့ ရောင်ခြည်တွေ ကိုကို့မှာမထွက်သေးဘူး။ ပြီးတော့ ကိုကိုပြုံးရင်လည်း လိုက်မပြုံးမိဘူး။ ဘာလို့လဲဆိုတော့ ကိုကိုမပြုံးခင်ကို ကလေးလေးက အားရပါးရ ရယ်မိပြီးနေပြီလေ။ ရှေ့ ၃ ချက်တည်းနဲ့ ကိုကို့ကို ချစ်တာ မဟုတ်နိုင်သေးဘူးဆို ကလေးလေးက မင်ချောပြောတဲ့ နောက်အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရတော့မည်။
အခုချိန်က စလို့ ကလေးလေးက မအားလပ်တော့ပါ။ ကိုကို့နောက်မှာ အလင်းရောင်ရှိမရှိနှင့် ကိုကိုပြုံးလျှင် လိုက်ပြုံးမိ မပြုံးမိ ဆန်းစစ်ရတော့မည်။
ESTÁS LEYENDO
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 13
Comenzar desde el principio
