"ဘယ်သူက မင်္ဂလာဆောင်မှာလဲ"

"ဟိုးမှာ အစ်ကိုချန်းယောလ်နဲ့စကားပြောနေတဲ့ထဲက နှစ်ယောက်"

"သူတို့က ဘာလို့ မင်္ဂလာဆောင်တာလဲဟင် မင်ချော"

"ချစ်လို့ပေါ့...."

မင်ချောက ခပ်ပေါ့ပေါ့ပဲ ဖြေလိုက်ရင်း အလုပ်ကိုပြန်ပြီး အာရုံစိုက်လိုက်သော်လည်း စပ်စုစိန်လေးကတော့ မေးလို့ မြန်းလို့ မကုန်နိုင်သေး။

"သူတို့က ဘာလို့ ချစ်တာလဲဟင်
မင်ချော ဟင်လို့"

စာရင်းစာအုပ်ကြီးကို သဲကြီးမဲကြီး ငုံ့ကြည့်နေသော မင်ချောလက်ကို ဆွဲလှုပ်ကာမေးတော့ မင်ချောက သင်ပြင်းချပြီး စာအုပ်ကို ပိတ်လိုက်သည်။ ထို့နောက် ဆရာကြီးပုံနှင့် ကြည့်ကာ...

"အင်း ဘယ်လိုပြောရမလဲ
တစ်ယောက်ကို တစ်ယောက် သဘောကျလို့
အားကိုးလို့ အမြဲအနားမှာ နေချင်လို့ ချစ်တာပေါ့"

"အဲ့လိုဖြစ်ရင် ချစ်ပြီလား
ချစ်လို့ရပြီလား"

"အဲ...အဲ့ဒါကြီးပဲတော့ ဘယ်ဟုတ်မလဲ"

"ဒါဆိုဘာလဲ ဘာကျန်တာလဲ ပြောလေ ပြောပြ"

ကလေးလေးနဲ့ ပေါင်းတာကြာလာတဲ့ မင်ချောက အရင်လို ရိုးမနေတော့ဘဲ လူလည်ကျတတ်လာသည်။ အစ်ကိုချန်းယောလ်ကိုကျတော့ ကိုကို...ဂျွန်ဟီးကိုလည်း စိတ်ကြည်ရင် ကြည်သလို အစ်ကိုဂျွန်ဟီးလို့ ခေါ်တတ်ပြီး အမြဲခေါင်းစားစရာတွေပဲ ဖြေပေးရတဲ့သူ့ကျ မင်ချောတဲ့။ ဒါကမတရားတာပဲ။ ဒီအခွင့်အရေးမှာ မင်ချောက အစ်ကိုလို့ ရှေ့က တပ်အခေါ်ခံရဖို့ကြံစည်လိုက်တော့သည်။

"ပြောပြစေချင်ရင် အစ်ကိုမင်ချောလို့ခေါ်လေ"

"ဟွန့် မင်ချောကလည်း အရင်ကလည်း မင်ချောပဲ ခေါ်တာပဲကို"

"ဒါဆိုလည်း အလုပ်သွားလုပ်တော့မယ်ဗျာ"

"ဟင် ဟင် မသွားပါနဲ့ဦး
အစ်ကို မင်ချောကလည်း ပြောပြဦးလေ
ဘယ်လိုဖြစ်မှချစ်တာလဲလို့"

ကလေးလေးဆီက အစ်ကိုခေါ်သံကြားလိုက်ရတော့ မင်ချောက အလိုလို လေထဲမြောက်ချင်သွားသည်။ ဆရာလုပ်ရတာလည်း ပိုအရသာရှိလာသည်။ ပြီးတော့ ကလေးလေးကို အစ်ကိုချန်းယောလ်နဲ့ အမြန်နီးစပ်ရေးအတွက် သူက အချစ်တရားများလည်း ဟောချင်သေးသည်။

Red String of FATEHikayelerin yaşadığı yer. Şimdi keşfedin