"အင်း...လုပ်မယ်"
လက်သေးသေးလေးနဲ့ မျက်ရည်တွေကိုပင့်သုတ်လိုက်ပြီးနောက် သိမ်းထားသည့် ခရုခွံသေးသေးလေးများကို သွားယူလာသည်။
အိမ်မှာ ပစ္စည်းအစုံ စုထားတတ်သည့် ချန်းယောလ်ကြောင့် သူတို့ရဲ့ ခရုခွံအလှဆင်ပစ္စည်းလေးက အဆင်ပြေပြေလုပ်လို့ရသည်။ ချန်းယောလ်က ခရုခွံလေးတွေကို ဖောက်ပေးလိုက်၊ ကလေးလေးက ကြိုးနဲ့သွယ်လိုက်နှင့် အဆင်ပြေနေကြသည်။ ငိုထားသည့် မျက်လုံးလေးတွေကရဲနေပြီး နှာခေါင်းလေးကလည်း နီနီနှင့် တကယ်ကို ဝက်သေးသေးလေးပါပဲ။ သူစိတ်ဝင်စားတာ လုပ်ရတော့လည်း စကားပင်မများနိုင်တော့။
ညစာမစားခင် သူတို့ရဲ့ ခရုချိတ်ဆွဲလေး ပြီးသွားခဲ့ပြီးနောက် အိပ်ယာနှစ်ခုရဲ့ အလယ်တည့်တည့် မျက်နှာကျက်မှာ ချိတ်ဆွဲထားလိုက်ကြတော့သည်။
"ကိုကို...."
"အင်း..."
"ခရုလေးတွေက လှတယ်မလား"
"အင်း...မနက်ဖြန် ခြံထဲလိုက်မယ်မလား
အိပ်တော့လေ ကလေးလေး
ဘာပုံပြင်ပြောပြရမလဲ"
"ဟင့်အင်း တော်ပြီ
ခရုလေးတွေကိုကြည့်ရင်း အိပ်မယ်"
လည်ပင်းထိ စောင်ဆွဲခြုံထားတဲ့ ကောင်ငယ်လေးက ခရုခွံလေးတွေကို မော့ကြည့်နေပြီး
တစ်ဖက်ကုတင်က ချန်းယောလ်ကတော့ ကောင်ငယ်လေးရဲ့ မျက်လုံးတောက်တောက်လေးတွေကို ငေးကြည့်လို့နေသည်။ ညနက်လာသည်နှင့်အမျှ တဖြူးဖြူးတိုက်လာသည့်လေက ခရုခွံလေးတွေကို လှုပ်ခါယမ်းနေစေသည်။ ခရုခွံချင်း ထိခတ်သည့် အသံညှင်းညှင်းလေးကို နားဆင်ရင်း သူတို့နှစ်ယောက်လုံး အိပ်ပျော်သွားကြသည်။
ဒီလို နှစ်ယောက်အတူ အေးချမ်းစွာ အိပ်စက်ရသည့် ညပေါင်းများစွာကို ထပ်မံပိုင်ဆိုင်လိုပါသေးသည်။
💓
နောက်ကျသွားတယ် ဟီး
(Zawgyi)
ကလေးလေး မနက်နိုးလာတော့ သူ့အိပ်ယာက အရင်နဲ့မတူဘဲ နည်းနည်းကြပ်နေသလားလို့။ လှုပ်စိလှုပ်စိနဲ့ ထဖို့လုပ်ပြီးမှ သူ့ခါးနားမှာ တင်းနေအောင် ဖက်ထားတဲ့ လက်တွေကို သတိထားမိသည်။ ကိုကိုက သူနဲ့တူတူလာအိပ်နေတာပဲ။ ညက မိုးရွာတယ် ထင်ပါရဲ့။ ကိုကို့လက်တွေကို ဖယ်ပြီး ထဖို့ပြင်လိုက်ပေမဲ့ နေမကောင်းတဲ့သူကပဲ အားလျော့နေလို့လားမသိ။ ကိုကို့လက်တွေက အလွန်တင်းကြပ်လို့နေသည်။
ANDA SEDANG MEMBACA
Red String of FATE
Fiksyen PeminatRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 12
Mula dari awal
