"ရပြီ ကလေးလေး ရေချိုးတော့"

"ဗိုက်ဆာနေပြီ ကိုကို"

"ကိုကို ထမင်းပြင်ထားမယ်
မြန်မြန်ချိုးနော်"

ကလေးလေးကို ရေချိုးဖို့ပြောပြီးတာနဲ့ ချန်းယောလ်က မီးဖိုခန်းထဲမှာ ထမင်းပြင်ရသည်။
ကလေးလေးကို တစ်နေကုန်ထိန်းရတာ အနားမရသော်လည်း မျက်စိအောက်မှာ အမြဲမြင်နေရလို့ စိတ်ချရပြီး နေလည်းကောင်းနေသောကြောင့် စိတ်ပူပင်မှုများ လျော့ပါးသည်။ ကလေးလေး နေမကောင်းချိန်က ယောင်ပြီးပြောခဲ့သည့်အကြောင်းအရာများကို သတိရတော့သည့် မပေါ်သောကြောင့်လည်း စိတ်အေးရသည်။ နောက်မှပေါ့....နောက်မှပဲ အဲ့ဒီအကြောင်းတွေ ကလေးလေးကို သေချာမေးကြည့်ပါတော့မည်။

💓

"သွားချင်တယ် သွားချင်တယ်လို့ ကိုကိုနော်"

"ကလေးလေးကလည်း ညနေပိုင်း ပင်လယ်လေက ဘယ်လောက်အေးလိုက်သလဲ
မရဘူး မသွားရဘူး"

"ဒါဆို ငိုမှာပဲ အီး..."

အိမ်ရှေ့ခန်းမှာထိုင်ချပြီး ခြေနှစ်ချောင်းကို ကြမ်းနဲ့ပွတ်ကာ အော်ငိုနေသောကြောင့် ချန်းယောလ်က ပြာပြာသလဲ ချော့ရသည်။ ပတ်ဝန်းကျင်က ကြားကုန်မှဖြင့် တစ်မျိုးထင်ကြဦးမည်။

"ကလေးလေး မငိုနဲ့လေ"

"ပင်လယ်သွားချင်တာကို
ကိုကိုပဲ လာချင်တိုင်း လာလို့ရတယ်ဆို"

"ဟုတ်တယ်လေ
အခုကလေးလေးက နေကောင်းကာစကို
ပြန်အအေးပတ်မှာစိုးလို့"

"ပျင်းတယ် အိမ်မှာနေရတာပျင်းတယ်"

အရမ်းကြီး အော်ဟစ်မနေတော့သော်လည်း ဂျီကျနေသည့်ရုပ်လေးကို သနားသောကြောင့် ချန်းယောလ်က ကလေးစိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲ စဉ်းစားရသည်။ နောက်တော့မှ သတိရသွားသည်က သူတို့ကောက်ထားတဲ့ ခရုခွံတွေ။ မြို့ကိုသွားတုန်းက ကလေးပူဆာသည့် မျက်နှာကျက်မှာချိတ်သည့် အလှအပလေး အတူတူလုပ်လို့ရသည်။ ဒါဆိုကလေးလေး ပျင်းတော့မည်မဟုတ်။

"ကိုကိုတို့ ခရုခွံလေးနဲ့ မျက်နှာကျက်မှာ ချိတ်စရာလုပ်ကြမလား"

Red String of FATEHikayelerin yaşadığı yer. Şimdi keşfedin