"မနက်ဖြန် ကလေးလေးနဲ့ တစ်နေကုန်နေပေးဖို့ ဒီနေ့အလုပ်တွေ လက်စသတ်လာတာလေ
မဟုတ်ရင် မနက်ဖြန်လည်း ကလေးလေးက ကျန်ခဲ့ရဦးမှာ"

"ဒါဆို မနက်ဖြန် အလုပ်မသွားတော့ဘူးပေါ့ ဟုတ်လား"

အပြောင်းအလဲမြန်လွန်းတဲ့ကောင်လေးက ကုတင်ပေါ်ကနေ ပြေးဆင်းလာပြီး ချန်းယောလ်လက်ထဲက အသီးထုတ်ကို လာဆွဲသည်။

"စပျစ်သီးက အစိမ်းရောင်လား"

"အင်း အဲ့ဒါလည်းချိုတယ်
အများကြီးတော့ စားလို့မရသေးဘူးနော်"

"ဟုတ် နည်းနည်း ပုစိလေးပဲ စားမယ်"

"နေ့လည်စာအရင်စားရမယ်"

ဦးလေးဂျွန်ပြင်ဆင်ပေးထားသော နေ့လည်စာကို ချန်းယောလ် ကျွေးတော့ အသာတကြည်စားသည်။ စားနေသည့်တလျှောက်လုံးလည်း မျက်လုံးတွေက အသီးဆီမှာသာ တဝဲလည်လည်။ နေကောင်းလာတာနဲ့ အစားသောင်းကျန်းချင်နေတော့တာပဲ။

နေ့လည်စာကျွေးပြီးတာနဲ့ ကလေးလေးနဲ့အတူတူ အိမ်ပြင်က ခုံတန်းလေးမှာထိုင်ရင်း အသီးတူတူစားကြသည်။
အုပ်ဖွာနေတဲ့ ဆံပင်လေးတွေက လေအဝှေ့မှာ ထိုးထိုးထောင်ထောင်နှင့်။ ဒီဆံပင်လေးတွေကို မနက်မှ သေချာညှပ်ပေးရဦးမည်။

💓

"ကလေးလေး မျက်စိမှိတ်ထား
ဆံပင်တွေဝင်မယ်..."

ဆံပင်ရှည်နေတဲ့ကောင်လေးကို ဆံပင်ညှပ်ပေးဖို့ ကြိုးစားရတာလည်း မလွယ်ကူလှပေ။
အငြိမ်မနေတဲ့ကိုယ်လုံးကို တဘက်အကြီးနဲ့ ပတ်ထားပြီးမှ ဆံပင်ကို ညှပ်ပေးရသည်။ အိမ်ပြင်မှာ ညှပ်ပေးနေတာမို့ လေတိုက်လာလျှင်လည်း ဆံပင်တွေက ပုံပြန်ပျက်သေးသည်။

"ကိုကို မပြီးသေးဘူးလား
ဆံပင်က ယားတယ်"

"နေဦးကလေးလေးရဲ့ လေတိုက်နေလို့"

"ကြာလိုက်တာ စိတ်မရှည်တော့ဘူးနော်"

"ဒါဆို ရေချိုးခန်းထဲ သွားညှပ်ရအောင်"

တဘက်ကြီးနဲ့ ထုပ်လုံးထားတဲ့ ဝက်ပေါက်လေးကို မ ပြီး ရေချိုးခန်းထဲ မြန်မြန်ရွှေ့ရသည်။ ပြီးတော့မှ နားရွက်နဲ့ မျက်လုံးကို အုပ်နေတဲ့ ဆံပင်လေးတွေကို တိတိရိရိလေး ညှပ်ပေးရသည်။ ချန်းယောလ်က ကျွမ်းကျင်သူမဟုတ်သောကြောင့် တအားပုံဝင်မနေသော်လည်း အဆင်ပြေပြေနှင့် ကြည့်ကောင်းရုံတော့ ရသွားခဲ့သည်။

Red String of FATEDonde viven las historias. Descúbrelo ahora