ထို့နောက် ဦးလေးဂျွန်နှင့် အပ်ကာ စိုက်ပျိုးခြံဘက် ခဏထွက်လာခဲ့ရသည်။ အလုပ်ကိစ္စက အရေးကြီးပြီး သူတို့ခြံမှာ ပထမဆုံး လက်ခံဖြစ်တဲ့အလုပ်မို့ ပျက်လို့မဖြစ်။ ယူဂျောင်းမျက်နှာလည်း ရှိနေသေးတော့ ချန်းယောလ်ကပိုပြီး ဂရုတစိုက်လုပ်နေရသည်။
အလုပ်အတွက် အာရုံနှစ်ထားရသော်လည်း နေမကောင်းသည့် ကလေးလေးမျက်နှာသာ အမြင်ထဲ ပေါ်ပေါ်လာသည်။ ကလေးလေးနေပြန်ကောင်းမှသာ ကလေးလေးကို သူ့မျက်စိအောက်မှာထားပြီး အလုပ်တွေကို စိတ်ချလက်ချ ပြန်လုပ်နိုင်တော့မည်ထင်သည်။
အရစ်တုံးလေးက ဦးလေးဂျွန်ကို ဘယ်လောက်တောင်ရစ်ထားမလဲ မပြောတတ်ပေ။
💓
"ကလေးလေးရေ နေ့ခင်းဆေးမသောက်ခင် တစ်ခုခုစားလိုက်နော်"
"ဟင့်အင်း မစားပါဘူး ကိုကိုမှ ပြန်မလာသေးတာ"
"ချန်းယောလ် ပြန်လာလို့ ဆေးမသောက်ထားရင် အဆူခံရလိမ့်မယ်"
"ဆူပါစေပေါ့ မကြောက်ပါဘူး
ဘာလဲ ဦးလေးဂျွန်က ကြောက်နေတာလား"
"မဟုတ်ပါဘူးကွာ
မင်းအဖျားပြန်တက်မှာစိုးလို့ပါ"
"မသိဘူး မသိဘူး
ကိုကိုမလာရင် ဆေးမသောက်ဘူး"
ကုတင်ပေါ်မှာထိုင်ကာ ပြတင်းပေါက်ဘက် မျက်နှာမူထားတဲ့ ကောင်ငယ်လေးက ဆံပင်လေးတွေ ဝဲသွားတဲ့အထိ ခေါင်းကိုယမ်းခါပြသည်။ ဒီကလေးလေးကို ချန်းယောလ်ကလွဲရင် ထိန်းနိုင်မည့်သူမရှိဘူးထင်သည်။
နေ့လည်စာ ထမင်းပွဲပြင်ထားတဲ့ ဦးလေးဂျွန်ကတော့ တစ်ဦးတည်းသာ စားလိုက်ရသည်။
စားပြီးတော့မှ ချန်းယောလ်ကို ဖုန်းဆက်ပေးမည်ဟု စဉ်းစားထားသော်လည်း ကံကောင်းစွာပင် ချန်းယောလ်က ပြန်ရောက်လာသည်။
"ကလေးလေးရေ
ကိုကိုပြန်လာပြီ ထမင်းစားပြီးပြီလား"
"မင်းပြန်မလာလို့ စိတ်ကောက်နေလေရဲ့"
"ထင်တော့ ထင်သားပဲ
ကိုကို အသီးတွေလည်း အများကြီး ခူးခဲ့တယ်"
"ကိုကိုက နောက်ကျတယ်"
နှုတ်ခမ်းလေးထော်ပြီးပြောနေပေမဲ့ အစားမက်လေးရဲ့ မျက်လုံးတွေကတော့ သူယူလာတဲ့ အသီးတွေဆီမှာပဲဖြစ်သည်။ နားရွက်ဖုံးအောင် ရှည်ကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ရင်း....
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 12
Start from the beginning
