ညညတွေ ကိုကို့အသံလောက်သာ ကြားရပြီး နမ်းလို့လည်း မရဘဲ တစ်ယောက်တည်း အိပ်ရတာ သူ အလွန်အထီးကျန်လှပါ၏။

ရိုင်းလ်ခမျာ ခေတ္တရာ၏ မပျော်မရွှင်ဖြစ်နေပုံရသည့် ဟော်မုန်းတွေအား သူပါ ခံစားမိလာတာကြောင့် ရိုင်းလ်စေတန် သူ့ကောင်လေး၏ ပခုံးနှစ်ဖက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ရင်း သူ့ခန္ဓာကိုယ်ကို ငုံ့ကိုင်းလိုက်ရကာ-

"ဘေဘီ အဆင်ပြေရဲ့လား၊ ဘာလို့လဲ၊ ပုဂံမှာ မပျော်ခဲ့ဘူးလား။ အန်တီတို့အိမ်မှာ တစ်ခုခုဖြစ်လာလို့လား"

"လွမ်းဖျားလွမ်းနာကျနေတာလေ၊ ကိုကို ကျွန်တော့်ကို စမ်းကြည့်ဦး၊ ကိုကို့ကို လွမ်းရလွန်းလို့ နှလုံးသားလေး နေမကောင်းဖြစ်နေတယ်"

"ဟက်၊ ဒါဆို နေ့လယ်စာ နောက်မှပဲ စားတော့၊ ကိုယ် အခုချက်ချင်း ပျောက်သွားအောင် ကုပေးမယ်"

ရိုင်းလ် ထိုကောင်လေး၏ ခါးကို သူ့လက်နှစ်ဖက်ဖြင့် ချက်ချင်းဖယ်တွယ်လိုက်ရင်း သူ ခေတ္တရာအား ကြမ်းပြင်မှ ကြွသွားအောင်ပင် ချီမလိုက်ပြီး နံရံဖြင့် ကပ်ဖိထားလိုက်ရကာ ခပ်ကြမ်းကြမ်း ငုံ့မိုးနမ်းရှိုက်လိုက်မိသည်။

ရေးခမျာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ အဖိခံလိုက်ရတာကြောင့် သူ့လက်ထဲမှ ပန်းစည်းအား ခုံပေါ် ပစ်တင်လိုက်ရင်း ကိုကို့ရင်ဘတ်အား ခဏတွန်းထားရသည်။

"ကိုကို ခဏ၊ ကျွန်တော် ကားအဝေးကြီး မောင်းလာရတာ ခါးနာနေလို့ ဆိုဖာပေါ် သွားရအောင်"

ဆေးရုံအုပ်ရဲ့ ရုံးခန်းမို့ အခေါ်မရှိဘဲ မည်သူမျှဝင်မရသလို၊ သူတို့နှစ်ယောက်က နေရာမရွေး တူတူနေတတ်ကြသည့် စုံတွဲမို့ နှစ်ယောက်လုံး နမ်းနေရက်နဲ့ပဲ ဆိုဖာပေါ် ဘယ်လိုရောက်သွားကြမှန်းပင် မသိလိုက်။

ဆိုဖာအောက်၌ ရိုင်းလ်၏ ဂျူတီကုတ်သာမက ရှပ်အင်္ကျီများပါ တစ်နေရာစီ ပစ်ထုတ်ခြင်း ခံထားရသည်။

"ကိုကိုက ဂျူတီကုတ်နဲ့ ကြည့်ကောင်းပေမယ့် အခုလို ဘာမှမဝတ်ထားတာက ပိုကြည့်ကောင်းတယ်"

ကျောပြင်အပြည့် လိပ်ပြာ tattoo ပိုင်ဆိုင်ထားသည့် ရိုင်းလ်၏ မျက်လုံးများက သူ့ရင်ခွင်အောက်က မှင်သက်စွာ ငေးကြည့်လောက်ရအောင် လှပလွန်းသည့် လိပ်ပြာလေးအား အတောင်ပါမကျန် ဝါးစားမိတော့မတတ် ရီဝေလာခဲ့တာကြောင့် နှစ်ပတ်လုံး အသံပဲ ကြားခဲ့ရသည့် ခေတ္တရာ၏ တစ်ကိုယ်လုံးကို ဖျစ်ညှစ် ပွတ်သပ်နေမိသလို၊ ခဏအတွင်းပင် သူ့အား ရန်စနေသည့် ကောင်လေး ကိုယ်ပေါ်က အတွင်းခံပါ မကျန်အောင် ဖယ်ရှားပစ်လိုက်ပြီးပြီဖြစ်သည်။

Snowless Winter Dream [Completed]Where stories live. Discover now