ရိုင်းလ် အခန်းတံခါး ပိတ်လိုက်တာနဲ့တပြိုင်နက် ခေတ္တရာ သူ့ရင်ခွင်ထဲ ပြေးဝင်လာပြီး သူ့လည်တိုင်ကို တမွမွနဲ့ လာနမ်းနေတာကို ခံလိုက်ရပြန်တာကြောင့် ရိုင်းလ် ဒီတစ်ညအတွင်း သေချာသိလိုက်ရတဲ့အရာက ခေတ္တရာက အလွန်အနမ်းသန်တာကိုပင်။ ထိုကောင်လေးက သူ့အား တစ်ညလုံးကို ပေးမအိပ်ဘဲ အဆက်မပြတ် ထိုင်နမ်းနေခဲ့သည်။

ထို့အတွက် တစ်ညလုံးနီးပါး သူ ထိုကောင်‌လေး၏ နူးညံ့သော အနမ်းတွေနဲ့ ခေတ္တရာ၏ အထိအတွေ့တွေကြား ဘယ်နှစ်ကြိမ် ပြီးမြောက်ခဲ့ရမှန်းပင် မမှတ်မိတော့။ သူလည်း ခါးမကောင်းသေးသလို ရေးလည်း အဖျားငွေ့ငွေ့ရှိနေသေးတာမို့ သူတို့နှစ်ယောက် အဆုံးထိ ဘာမှမဖြစ်ခဲ့ကြသော်ငြား ခေတ္တရာက သာမန်အချိန်မှာသာမကဘဲ အိပ်ရာပေါ်၌ပါ အလွန့်အလွန် ကြမ်းတမ်းပါ၏။

"ကိုကို ဒီနေ့ နားလိုက်တော့၊ ဒီနေ့ အလုပ်ကြမ်းတွေကို ကျွန်တော်ပဲ သွားလုပ်ပေးမယ်"

"နိုး"

ရေး ထိုလူ့ကို ဆွဲမြှောက်လိုက်ပြီး ကလေးလေးတွေကို လုပ်သလိုမျိုး ဝှေ့ရမ်းလိုက်ချင်ပေမယ့် ရိုင်းလ်ကို သူ မချီနိုင်သလို ကြွအောင်တောင် မ,မနိုင်‌တာမို့ ကိုကို့ပါးတွေကိုသာ ကိုက်ဆွဲလိုက်မိတော့သည်။

"အဲ့လို သေချာမနားရင် ကိုကို့ခါးက ဘယ်တော့မှ ပြန်ကောင်းမှာလဲ။ ခါးမကောင်းတော့ရင် ကိုကို့ကို ကျွန်တော့်အောက်ကိုပဲ တကယ်ပို့လိုက်တော့မှာ။ ကျွန်တော် ကိုကိုနဲ့ ညတိုင်း ဖက်ချည်းပဲတော့ မအိပ်နိုင်ဘူးနော်"

ရိုင်းလ် ‌ထိုကောင်လေးကို ညကတည်းက တကယ် လက်မြှောက်ထားလိုက်ရပြီမို့ သူတို့နှစ်ယောက် တော်တော်နဲ့ ရေချိုးခန်း မရောက်နိုင်ကြတဲ့အထိ အခန်းထဲ၌ နှစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေကြဆဲပင်။

"ခေါင်းမမာနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း သေချာပြန်ဂရုစိုက်ပါဦး။ ကျွန်တော် နေမကောင်းရင် ကိုကို ကုပေးလို့ ရပေမယ့် ကိုကို တစ်ခုခုဖြစ်နေရင်‌ကျတော့ ကျွန်တော် ဘာမှ သေချာပြန်မလုပ်ပေးနိုင်ဘူးလေ။ ကျွန်တော့်ကို စိတ်ပူအောင် မလုပ်ပါနဲ့"

Snowless Winter Dream [Completed]Tempat cerita menjadi hidup. Temukan sekarang