ရိုင်ယန်တစ်ယောက် သူ့ဒယ်ဒီစက်ကွင်းက လွတ်အောင် အပြင်သာ ထွက်လာခဲ့တော့သည်။

သူ့ညီ ဘယ်လောက်ပွေရှုပ်ပြီး ဘယ်လောက် လွတ်လွတ်လပ်လပ် နေတတ်လဲ သူ အသိဆုံး ဖြစ်သလို အခုလို တစ်ယောက်ယောက်‌အပေါ် အဲ့လောက်ထိ ဓာတ်ကျသွားမယ်လို့လည်း သူ မထင်ထားခဲ့မိပေ။ နည်းနည်းမှ ထိန်းချုပ်မခံနိုင်တဲ့ သူ့ညီ လှောင်အိမ်ကြီးနဲ့တူတဲ့ ထောင်ကြီးထဲမှာ တစ်လတောင် နေနိုင်ပါ့မလား စိုးရိမ်နေမိတာတော့ အမှန်ပင်။

----------------------

ထောင်သားအမှတ်စဉ် 6300 . . . ရိုင်းလ်စေတန်။

အပြာရောင်ထောင်ဝတ်စုံ ဝမ်းဆက်နဲ့ မြန်မာမျက်နှာကျထက် နိုင်ငံခြားရုပ်သွင် ပိုပေါက်နေသည့် ထောင်သားအသစ်ကို နှစ်ကြီးသမားတွေ၊ အရင်ရောက်နေသည့် စီနီယာတွေ မသိမသာ အကဲခတ်နေကြသည်။

ထောင်၏ စည်းမျဉ်းတွေအရ ထောင်သားအားလုံးက ညအိပ်ချိန်သာ အခန်းထဲ ပြန်ထည့်ပိတ်ထားခံရပြီး တစ်နေကုန် ထောင်ထဲမှာ လျှောက်သွားခွင့်ရကြသည်။ သုံးယောက်တစ်ခန်း၊ လေးယောက်တစ်ခန်း တွဲအိပ်ကြရသည်။ တူတူစု၍ ရေချိုးရပြီး စားသောက်ဖို့အတွက် ဟောခန်းကျယ်တစ်ခုနဲ့ အပျင်းပြေ အုပ်စုဖွဲ့ ကိုယ်လက်လှုပ်ရှားအားကစားလုပ်လို့ရသည့် ကစားကွင်းကျယ်တစ်ခုရှိသည်။ ထောင်သားတွေ၏ ကျန်းမာရေးအတွက် ဆရာဝန်တစ်ယောက်ရှိသည့် ဆေးပေးခန်းတစ်ခုလည်း ရှိသည်။

ထောင်စောင့်တွေ အချိန်ပြည့် ကြီးကြပ်နေတတ်ပေမယ့် ထောင်တို့၏ ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်းမှုတွေကလည်း ရှိနေဆဲဖြစ်သည်။ ထောင်စောင့်တွေက ထောင်သားအချင်းချင်း လက်လွန်အောင် လုပ်မိသွားမှာကို စောင့်ကြည့်ရုံမှတပါး ထိုကဲ့သို့ နိုင်လိုမင်းထက် ဗိုလ်ကျမှုတွေကိုတော့ လွှတ်ထားပေးတတ်ကြသည်။ ထို့အတွက် အသစ်ရောက်ကာစ ကြောက်တတ်သည့် ကောင်လေးတွေဆို ဦးချိုးခံရပြီပင်။

ထို့အတွက် ဒီထဲ၌လည်း ထိုကဲ့သို့ ကြီးစိုးနေသည့် လူမိုက်အုပ်စု ရှိနေသည်။ ပုံမှန်ဆို နှစ်ကြီးထောင်သားတွေက မုဒိမ်းမှုနဲ့ ထောင်ထဲဝင်လာတဲ့အသစ်တွေကိုဆိုရင် နှစ်ဆ ပိုပညာပြတတ်သည်။ သို့သော်ငြား ဒီထဲမှာတော့ မုဒိမ်းမှုနဲ့ ထောင်ကျနေခဲ့သည့်သူက လူမိုက်ခေါင်းဆောင်ဖြစ်နေပြီး ထောင်သားတွေအား အုပ်စုဖွဲ့ ဗိုလ်ကျနေခဲ့သည်။

Snowless Winter Dream [Completed]Tahanan ng mga kuwento. Tumuklas ngayon