The diary(pt35)

297 18 3
                                    

နေရောင်ခြည်နွေးနွေးလေးကွန့်မြူးလျှက်ရှိသောသာယာဖွယ်မနက်ခင်တစ်ခုတွင် အဖြူရောင်hodieလေးနဲ့ ဝါးညက်ညက်အသားအရေပိုင်ရှင်ကောင်လေးရဲ့မျက်နှာကတော့သာယာမနေပါ။ချက်ချင်းရွာချတော့မည့်မိုးပမာ မှိုင်းညို့လျှက်။

"သားမင်ဟန် အိမ်ကိုစောင့်ရှောက်နော် အလေ လိုက်မနေနဲ့ ၁နှစ်လောက်တော့ဒီမှာပဲနေပြီး ဂရုစိုက်ပေးပါဦး သားရဲ့ဗွေပါနေတဲ့ခြေထေက်လေးကိုခဏချုပ်ထားပေးမယ်မလား"

"တီလေးကလဲ သားဂရုစိုက်ပါ့မယ်ဆို စိတ်မပူနဲ့နော် ဟိုမှာသာနေသားကျအောင်နေ"

"အေးပါကွယ် အေးပါ"

"လန်မင်ဟန်"

"ဗျာဦးလေး"

"​ခြေသလုံးအိမ်တိုင် လုပ်မနေနဲ့ ငါဟိုကနေမင်းကိုပဲအားကိုးရမှာ"

"သားသိပါတယ်ဆို"

"အေးမင်းသိဖို့ပဲလိုတာ"

"ဟုတ်ကဲ့လို့.....အားဟန် ဟိုမှာပျော်ပျော်နေနော် ဆွတ်ဇာလန်သူလေးတွေက ပျော်ဖို့ကောင်းပါတယ်"

"ဟုတ်.....ကျွန်တော် ရှောင်းတို့ကိုနှုတ်ဆက်ဦးမယ်"

"အင်း"

.
.
.
.
"ရှောင်း!!"

"ယွင်ဟန်..... "

"ငါ....ငါသွားတော့မှာ"

"ယွင်ဟန် ဟိုမှာဂရုစိုက်နေ ငါတို့မရှိဘူးနော် ပြီးတော့ မကြာမကြာဖုန်းဆက်ကြားလား အဆက်သွယ်မပျက်စေနဲ့ နော် စာလဲ ကြိုးစား"

"ရိပေါ်.... မင်းငါ့ကိုမှာမနေနဲ့ ရှောင်းကိုဂရုစိုက်နော် အရမ်းကြီးမတင်းကျပ်နဲ့ ပျော်အောင်ထား ရှောင်းကို အနိုင်ကျင့်ရင် ဒီမှာတွေ့လားလက်သီး မင်းမျက်နှာစုပ်ပျက်သွားမယ် သဘောပေါက်"

"စိတ်ချ မင်းမပြောတောင် ငါကရှောင်းကိုစိတ်ဆင်းရဲအောင်မလုပ်ဘူး"

"ရှောင်း"

"ဟင်!!!"

တစချိန်လုံးဘာစကားမှမပြောပဲ ငြိမ်နေတဲ့ရှောင်းကအသံတိတ်မျက်ရည်တွေကျလျှက်ပေါ့။တကယ်ပါ ဒီကောင်လေ​ဟာ​လေလူကို စိတ်မကောင်းဖြစ်အောင်သိပ်လုပ်တာပဲ

the diary(complete)Where stories live. Discover now