The diary(38)

296 12 3
                                    

"အကိုလို့"

"တော်ပြီရှောင်း ဘယ်လိုမှမဖြစ်နိုင်ဘူး"

"ဒါလေးတောင်အလိုမလိုက်ဘူး အကိုငါ့ကိုမချစ်ဘူးလား"

ဒါပါပဲ ရှောင်းကျန့်ဆိုသည်မှာလိုတာရှိရင်အကိုအကိုနဲ့ကပ်ကာချွဲတတ်ပြီး ကျန်အချိန်များတွင် ဝမ်ရိပေါ် ရိပေါ်ဆိုပြီး လိုတစ်မျိုးမလိုတစ်မျိုးလုပ်တတ်သေးသည်။လူလည်ကောင်လေး

"မင်ဟန်ကောကပြောတယ်မလား ရှောင်းရဲ့ကျန်းမာရေးက ခရီးသွားလို့မဖြစ်ပါသေးဘူးတဲ့"

"ငါတို့ကနီးနီးလေးပဲသွားမှာကို"

"မရပါဘူးကွာစိတ်မချဘူး "

"ရတယ် မင်းမှငါ့ကိုမချစ်တာ ဒါလေးတောင်အလိုမလိုက်ဘူး တော်ပြီး နောက်ရက်မင်းငါ့ဆီလာစရာမလိုတော့ဘူး"

"ရှောင်း မင်းဘယ်လိုပြောလိုက်တယ် "

"ကြားတဲ့အတိုင်းပဲ"

"ငါမင်းကိုဘယ်လောက်ချစ်လဲမင်းသိတယ်နော် နောက်ခါအဲ့လိုမပြောစမ်းနဲ့"

"ဒါဆိုလိုက်ပို့လေ ငါcalonaတွေဆီသွားမယ်ဆိုတာကို"

"သိပ်မကြာရဘူး အများဆုံး၂ရက်ပဲ သဘောတူလား"

"အင်းသဘောတူတယ်"

ဘယ်လောက်ပဲစိတ်ဓာတ်မာကျောသူဖြစ်ပါစေ အချစ်နဲ့တွေ့လျှင်နူးညံံ့တတ်သည်။ ရိပေါ်လဲထိုသို့ပင် ဘယ်လောက်ပဲလိုက်မပို့ဘူးဟု ဆုံးဖြတ်ထားပါစေ ရှောင်းကျန့်ရဲ့ချွဲမှုရစ်မှုအပေါင်မှာအရည်ပျော်ရစမြဲပင်ဖြစ်သည်။

"မင်ဟန်ကောမသိစေနဲ့ တော်ကြာအဆူခံရမယ်"

"ဟုတ်ပါပြီ"

ထိုသို့နှင့်ကောင်လေးနှစ်ယောက်သည် calonaတွေရှိရာအရပ်ကိုခြေဆန့်ခဲ့ကြသည်။

တရိပ်ရိပ်မူးနေသောခေါင်းသည် ကားစီးရခြင်းကြောင့်ဟုရှောင်းကျန့်တွေးလိုက်သည်။ရောဂါဆိုသည့်အရာကြီးကိုမေ့ပစ်ချင်သည်။ခုတလောမင်ဟန်ကောနှင့်မတွေ့အောင်အတော်လေးရှောင်နေရသည်။သူ့အခြေနေသူသိသည်မို့ မင်ဟန်ကောနှင့်တွေ့လျှင်ဆေးရုံမှာသာနေရတော့မည်။

the diary(complete)जहाँ कहानियाँ रहती हैं। अभी खोजें