The diary(part32)

315 21 8
                                    

"အခုရှောင်းသခင်မကဘာကိုလိုချင်တာလဲ"

"ကျွန်မပြောပြီးပြီပဲ ကျွန်မသားလေးကိုပျော်စေချင်တယ်......အရင်ကကိစ္စကိုလဲတောင်းပန်ပါတယ် မိဘချင်းကိုယ်ချင်းစာမယ်လို့လဲထင်ပါတယ်.....အခုကျွန်မသားရဲ့အခြေအနေက...စိုးရိမ်နေရတဲ့အခြေနေမို့ ဝမ်လူကြီးမင်းလိုက်လျောပေးဖို့မျှော်လင့်ပါတယ်......ကျွန်မတို့သားနှစ်ယောက်ကြားမှာမမြင်နိုင်တဲ့သံယောစဉ်တွေသိပ်များပါတယ်...."

ရှောင်းချင်းရီ မာနကြီးတဲ့မိန်းမ သိပ်လှတဲ့မိန်းမ ထက်မြတ်တဲ့မိန်းမ ခက်ထန်တဲ့မိန်းမ သားကိုသိပ်ချစ်သည့်မိန်းမ တစ်လောကလုံးမှာ မိဘပြီးရင်အရေးကြီးဆုံးက သားနဲ့ယောကျာ်းလို့မှတ်ယူထားတဲ့မိန်းမ ပြတ်သားတဲ့မိန်းမ သို့သော်......ထိုမိန်းမကသားအတွက်ဆိုဒူးထောက်ရဲသည်။သားအတွက်ဆိုအသက်ပေးရဲသည်။

"ခင်ဗျားကိုယ်တိုင်မိဘချင်းကိုယ်ချင်းစာခဲ့ဖူးလား ကျွန်တော့်သားကို လူလွှတ်ပြီးရိုက်ခိုင်းတဲ့ကိစ္စကို ကျွန်တော်ငြိမ်ခံပေးရမှာလား"

"ဝမ်လူကြီးမင်းအတွက်ငွေရေးကြေးရေးကအရေးမကြီးမှန်းသိပါတယ်။အဲ့ဒီ့တော့ ကျွန်မဒူးထောက်တောင်းပန်တာကိုလိုချင်သလား"

"ခင်ဗျားကတစ်ကယ်ဒူးထောက်မှာမို့လား"

"ရှောင်းချင်းရီဆိုတဲ့မိန်းမ ကသားဖြစ်သူအတွက်ဆိုဘာမဆိုလုပ်ရဲတယ် ကျွန်မသားငယ်လေးစိတ်ချမ်းသာဖို့ကျွန်မသေရရင်တောင်အဆင်ပြေတယ်"

"ကိုယ့်သားကိုတော့သိပ်ချစ်တတ်ပြီး သူများရွှေလိုဥပိုးလိုမွေးထားတဲ့သားကိုတော့ထိချင်တိုင်းထိခဲ့တဲ့ရှောင်းသခင်မက သိပ်ကိုစာနာစိတ်မရှိတာပဲ"

ရှောင်းချင်းရီဘာမှပြန်မပြောဖြစ် သာဇောနဲ့လုပ်မိလုပ်ရာလုပ်ခဲ့မိတာမို့သူမ မှားသည်ဟုမခံယူပါ။

...တီ....တီ...တီ....

ဖုန်းမြည်သံသဲ့သဲ့ ကြားရပြီးနောက်ရှောင်းသခင်မက ဝမ်သခင်ကြီးကို ခွင့်တောင်းသလိုကြည့်လိုက်ပြီးဖုန်းကိုင်၏

"ဟလို"

...ချင်းအာဘယ်မလဲ အကိုအိမ်ပြန်လာတာမတွေ့လို့...

the diary(complete)حيث تعيش القصص. اكتشف الآن