Unicode
"Jung kook?"
"Omm hae yoon"
"နင် ဘာတွေဖြစ်နေတာလဲ
နင့်ပုံစံကြည့်ရတာ တစ်ခုခုပဲ""ဘာရယ်မဟုတ်ပါဘူး
ဟိုးရက်ကလေ နင်ထမင်းခွံ့ကျွေးတဲ့
အကိုလေးဆိုတာ?""အဲ့တာ ငါ့အကိုလေးလေ
ငါက သူ့အိမ်မှာနေရတာ""အော်...နင့်မိဘတွေကပို့ထားတာလား
အဲ့အိမ်ကို..?"သိချင်စိတ်နဲ့ မျက်ခုံးတစ်ဖက်ပင့်ပီး မေးကြည့်မိတော့ သူမ
ပြောလာသည်က"ဘယ်ကသာ..
ငါ့မိဘတွေကမရှိတော့ဘူး
ငါငယ်ငယ်လေးထဲက ဆုံးသွားကြပြီ""အာ..sorry
ငါမမေးမိလိုက်သင့်တာကို""ရပါတယ် သူငယ်ချင်းအချင်းချင်းပဲ
ပြောပြရမှာပေါ့""ငါ့အဖေနဲ့ အကိုလေးမိဘတွေက သူငယ်ချင်းတွေလေ..
မိဘတွေမရှိတော့တဲ့ငါ့ကို သူတို့ကပဲခေါ်ထားတာဆိုပါတော့""အော်"
"ငါငယ်ငယ်ထဲက အဲ့မှာနေနေတာ
၁၅နှစ်လောက်ရှိပြီပေါ့""ဒါဆို နင်အဲ့အိမ်က ထွက်သွားဖို့
တွေးဖူးလား"Jung kook ရဲ့ မေးခွန်းအပြီး
ငြိမ်ကျကာ အဝေးကို ငေးမောနေသည့် hae yoon..သူမ မျက်၀န်းတွေမှာ တွေဝေမှုက အထင်းသားပင်။
ထွက်သွားဖို့လား ဟင့်အင်း
၀န်ခံရရင် သူမ အဲ့နေရာကိုပဲ
ငြိတွယ်နေမိပြီ.အဲ့အိမ်က သူမရဲ့
ပိုင်ရှင်ဖြစ်သူကိုလည်း သူမ...."ငါမတွေးဖူးဘူး jung kook"
အတန်ကြာတိတ်ဆိတ်ပြီးမှ ထွက်ပေါ်လာသည့် စကားတစ်ခွန်း။
နားထောင်သူ၏ ရင်ခွင်ကို
ယာယီအေးခဲစေလေ၏။"ဒါဆို နင် အဲ့အိမ်မှာပဲ
ဆက်နေသွားမယ်ဆိုပါတော့""အခုထိတော့အဲ့လိုပဲ စဥ်းစားထားတယ်
ငါ့မှာ သွားစရာနေရာလည်း
ထွေထွေထူးထူးမရှိဘူးလေ"*ငါက လာခေါ်ပေးမယ်ဆိုရင်ကော*
ဒီစကားကိုတော့ jung kook
စိတ်ထဲကသာပြောမိလိုက်သည်။
YOU ARE READING
She is mine
Fanfictionသူမကိုကျွန်တော့်နားက ဘယ်တော့မှ ထွက်သွားခွင့် မပြုဘူး။ သူမကိုကျွန်တော့်ဆီက ဘယ်သူမှ လုယူလို့လည်းမရဘူး။ သူမက ကျွန်တော်တစ်ယောက်တည်းရဲ့အပိုင်မို့ဘဲ Kim Tae Hyung အကိုလေး ကျွန်မ အကိုလေးအပိုင်အဖြစ် ...