.
.
.

ဆရာဝန်ပြန်သွားပြီးချိန်မှသာ သျှိုင်းစက်မာန် သူ့လက်မောင်းကို ခပ်ဖြည်းဖြည်း ဆုပ်ကိုင်ထားရရင်း ခွန်းကို ဘာဖြစ်လာလဲ သေချာပြောနိုင်တော့၏။ သို့ပေမယ့် ဟိုဘဲကို ဆေးခတ်တဲ့ကိစ္စကိုတော့ သျှိုင်းစက်မာန် ထိန်ချန်ထားရင်း လျှို့ဝှက်ထားလိုက်ရသည်။

ဆက်ခွန်းသစ် ထိုအကြောင်းကြားရချိန်၌ သူပါ အလွန်အမင်း လန့်ဖြန့်သွား၏။

"ဒါဆို ရေးက မင်းကို ဒီအတိုင်း လွှတ်ထားမယ် ထင်လို့လား။ မင်း အဲ့ကောင်ရဲ့ ဒေါသကို သိရဲ့သားနဲ့၊ အခုတွေဝေမနေနဲ့၊ အမြန်ရှင်းထုတ်လိုက်တော့"

"ရှင်းထုတ်တာက လွယ်တယ်များ ထင်လို့လား၊ အခန့်မသင့်ရင် ထောင်ကျသွားမှာ"

သျှိုင်းစက်မာန် ထောင်နန်းမစံချင်ပါပေ။ သလွန်းတုန်းကတောင် သူ တော်တော်လေး ပိရိခဲ့လို့ ဘာသံသယမှ မဖြစ်ကြဘဲ ကား accident က မတော်တဆလိုလို၊ ရေးနဲ့ ရန်ဖြစ်ပြီး ထွက်သွားချိန်မို့ ရေးကပဲ ကျိန်ဆဲလိုက်သလိုလိုနဲ့ ခွန်းတောင် မရိပ်မိဘဲ ပြီးသွားခဲ့တာပင်။

သူ ရေးနဲ့ သလွန်း အကြီးအကျယ် ရန်ဖြစ်နေကြတာအား တွေ့လိုက်ရချိန်၌ သလွန်း၏ကားကို ဘရိတ်မမိတော့အောင် သွားလုပ်ပစ်ထားခဲ့လိုက်ခြင်းဖြစ်သည်။

ထိုစဉ် ဆက်ခွန်းသစ် ကျေနပ်ပြုံးပြုံးလိုက်မိပြီး-

"မင်းလက်နဲ့ သတ်စရာမလိုပါဘူး၊ ငါ့မှာ သူ့ကို ရှင်းထုတ်လို့ရမယ့် နည်းရှိတယ်"

ဆက်ခွန်းသစ် သူ့အခန်းထဲ ခဏထထွက်သွားခဲ့ပြီး ကဒ်တစ်ခုနဲ့အတူ ပြန်ထွက်လာခဲ့တာကြောင့် သျှိုင်းစက်မာန် သူ့အား ကမ်းပေးနေသော ကဒ်ကို ယူလိုက်ရင်း-

"အဲ့ဒါက ဘယ်သူလဲ"

"ငါ ပုဂံမှာ အစ်ကိုနဲ့ နှစ်ရက်ကျန်ခဲ့တုန်းက ရခဲ့တဲ့ဟာ။ ငါ မင်းကို ရေးမိဘတွေအကြောင်း ပြောထားတယ်ဟုတ်။ အဲ့တုန်းက သူ့အဖေက လွှတ်ပေးလိုက်ပေမယ့် အဲ့အိမ်ထဲမှာ သူတို့အမျိုးတွေရဲ့ သူလျှိုတွေ ရှိနေတယ်။ အခု သူတို့က ရေးကို ဝရမ်းပြေးဖမ်းသလိုကို လိုချင်နေကြတာ။ တကယ်လို့များ ငါတို့သာ သူ့ဆွေမျိုးတွေလက်ထဲ အဲ့ကောင်ကို ထည့်ပေးလိုက်နိုင်ရင် မင်းလက်နဲ့ သတ်ဖို့တောင် မလိုဘူး။ သူ့အဖေကလည်း နောက်တစ်ခေါက်ဆို အခုလို မကာကွယ်ပေးနိုင်လောက်လို့ ငါ့အစ်ကိုကိုဝောာင် အဲ့ကောင်ကို သေချာဂရုစိုက်ပေးဖို့ တိုးတိုးတိတ်တိတ် မှာနေတာ ကြားခဲ့သေးတယ်။ ဘယ်လိုလဲ"

Snowless Winter Dream [Completed]Where stories live. Discover now