ခုလဲထိုမျက်နှာလှလှကိုငေးရန်အိမ်အရိပ်နဲ့ကွယ်ကာချောင်းနေပေမယ့် အခြေအနေကမဟန်။

"ငါမင်းကိုပြောပြီးသားလေ ဒီဓါးကထိပ်မှာအကောက်ရှိရမှာ!"

မုတ်ဆိတ်ဘုတ်သိုက်နဲ့လူကအော်လိုက်တော့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်ကလေးကတုံ့ကနဲ။

"ဒါပေမယ့် ကျွန်တော်.."

"ငါက၀ယ်သူနော် မင်းကိုငါလိုချင်တဲ့ပုံစံပြောပြီးလုပ်ခိုင်းထားတာကို အမှားလဲလုပ်သေး
ပြန်လဲပြောရဲရအောင်မင်းကဘာအဆင့်မို့လို့လဲ"

စော်ကားခံလိုက်ရတော့ သေးသိမ်သွားသလိုခံစားရကာ  build သေချာရှင်းပြမယ့်စကားတွေကပါးစပ်ကမထွက်တော့။

"ကျွန်တော်တောင်းပန်ပါတယ် "

"တော်..တော် ဘာမှလုပ်စရာမလိုဘူး မင်းတို့ဆိုင်မကောင်းကြောင်းကိုတစ်ရွာလုံးကိုပြောပစ်မယ်
မင်းရောမင်းအဘွားကြီးရောထမင်းငတ်အောင်လုပ်ပစ်မယ်"

အဘွားဆိုသည့်အသံကြားတော့ build ကလှုပ်လှုပ်ရှားရှားတုန်တုန်ယင်ယင်ဖြစ်လာသည်။ယုတ်စွအဆုံးဒူးထောက်ဖို့ကြံရွယ်လိုက်ချိန်

"ဘာပြသာနာဖြစ်နေကြတာလဲ?"

Bibleက Build နဲ့ ပြာသာနာတက်တဲ့လူကြားမှာဝင်ရပ်လိုက်ပြီး ထိုလူရဲ့ရင်ဘတ်ကိုလက်နဲ့တွန်းကာ
မေးခွန်းထုတ်လိုက်သည်။
သူရဲကောင်းဝင်လုပ်တယ်လို့ထင်ရင်လဲထင်ပါစေတော့။  လူရှာကြေးစားရဲ့အသဲနှလုံးဆိုပေမယ့် ဒီလိုမြင်ကွင်းကိုရပ်ကြည့်နေရလောက်အောင်တော့မမာနိုင်ဘူး!။

" ဒီ..ဒီကောင်လေးကျွန်တော့ကိုဓါးအမှားကြီးဇွတ်ရောင်းနေလို့ပါ အရေးယူပေးပါ"

Bible ကိုတွေ့ကာကြောက်အားလန့်အားဖြစ်သွားပေမယ့် ခနနေတော့မဲ့ပြုံးတစ်ခုပန်ဆင်ပြီးလိမ်ဇာတ်ကိုလှည့်ပြောလိုက်သည်။

Build ခဗျာတော့ မသိမသာစောင့်နေခဲ့ရတဲ့လူ
သူ့ရှေ့ရောက်လာကာမှလူလိမ်ဟုထင်ခံရတော့မည်ဆိုတဲ့အတွေးက မျက်ဝန်းအိမ်ထဲစိုစိစိဖြစ်လာစေသည်။

"ခင်ဗျားက ပန်းပဲဆရာလား"

"ဟင်"

"ပန်းပဲဆရာလားလို့"

This is How Mr. English Hunt My Heart(completed) Where stories live. Discover now