ကလေးလေးရဲ့စကားသံတွေမရှိတဲ့ညချမ်းက တိတ်ဆိတ်ခြောက်ကပ်လို့နေသည်။
"အရင်တုန်းက တိတ်ဆိတ်နေတာနဲ့အသားကျပေမဲ့
မင်းရောက်လာပြီးတော့ တိတ်ဆိတ်နေရင် ငါမနေတတ်တော့ဘူး"
ချွေးစို့နေသည့် နဖူးလေးပေါ်ကို ပုဝါလေးနဲ့သုတ်ပေးရင်း ချန်းယောလ် တိုးတိုးလေးရေရွတ်မိသည်။ သူဒီည ညစာလည်း မစားဖြစ်ခဲ့ပါ။
💓
ညဦးပိုင်းမှာ အိပ်လိုက် နိုးလိုက်နဲ့ ဖြစ်နေခဲ့ပြီးမှ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ ရုတ်တရက် ပြန်လန့်နိုးလာတဲ့အချိန်မှာ သူသတိထားမိတာက တဝုန်းဝုန်းရွာနေသည့် မိုးသံဖြစ်သည်။ သူအိပ်ယာမှ ဆတ်ခနဲထကာ ကလေးလေး ကုတင်ဘက်ကို ကူးသွားမိသည်။ ကလေးက မိုးခြိမ်းရင်ကြောက်တတ်တယ်မလား။ မိုးသည်းနေတော့ မတော်တဆများ မိုးခြိမ်းခဲ့ရင် ကလေးလန့်သွားမှာစိုးရသည်။
ကိုယ်ပူရှိနေသေးတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ထားရင်း နဖူးပေါ်ကချွေးများကို ထပ်ပြီး သုတ်ပေးလိုက်သည်။ ရုတ်တရက် ကြားလိုက်ရသည့် ကျယ်ကျယ်လောင်လောင် မိုးခြိမ်းသံကြောင့် ကလေးလေးရဲ့ ခန္ဓာကိုယ်က သူဖက်ထားသည့်ကြားက တုန်သွားသေးသည်။
"ဟင့် ကြောက်တယ်"
"ကိုကိုရှိတယ် ကလေးလေး"
တစ်တစ်လုံးလုံး ခန္ဓာကိုယ်လေးကို ပိုးတိုးဖက်လိုက်တော့ ကောင်လေးက သူ့ရင်ခွင်ထဲ ပိုတိုးဝင်လာသည်။ လက်လေးတွေကလည်း သူ့အင်္ကျီ ခါးစကို တင်းနေအောင် ဆုပ်ထားသေးသည်။
"ကလေးလေး မကြောက်နဲ့နော်"
"ကျွန်တော့်ကို မထားခဲ့ပါနဲ့ ကောကော"
"ဘာပြောလိုက်တာ..."
မပီမသကြားလိုက်ရတဲ့ စကားသံကြောင့် ကလေးလေးရဲ့ နှုတ်ခမ်းနားကို သူပိုကပ်ပြီးနားထောင်သော်လည်း ကလေးက ပြန်အိပ်ပျော်သွားပြီဖြစ်သည်။ သူနားမလည်လိုက် သေချာမသိလိုက်ပေမဲ့ ကလေးလေးပြောလိုက်တဲ့စကားက တရုတ်စကားသံ စစ်စစ်ကြီးဆိုတာကိုတော့ သူအတပ်သိလိုက်ပါသည်။
ဒါက ကလေးလေးရဲ့ မေ့လျော့နေတဲ့ အတိတ်ကို ပြန်ဖော်ပေးမည့်အပိုင်းအစ တစ်ခုဖြစ်မလား။ ကလေးလေးက တစ်ခုခုကို ပြန်သတိရဖို့ လမ်းစပေါ်လာတာမျိုးလား။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 11
Start from the beginning
