"အပူမိပြီထင်တယ်
အဲ့ဒါကြောင့် ကိုကိုဘာပြောလဲ
နေပူထဲရေတွေနဲ့မဆော့ပါနဲ့ဆို စကားမှ နားမထောင်ဘဲ
အိမ်ပြန်ရောက်တော့လည်း ပြောမရ ဆိုမရ ရေတန်းချိုးတာကို"

"ကိုကိုက ကလေးလေးကို ဆူနေတာလား ဟင့်
နေမကောင်းပါဘူးဆိုနေ"

ချက်ချင်းပဲ မျက်ရည်ဝဲလာသောကောင်လေးကို ခုံပေါ်မှာထိုင်စေပြီး မျက်လုံးထောင့်က မျက်ရည်စလေးတွေကို လက်မနဲ့ ဖိသုတ်လိုက်သည်။

"ကိုကိုက စိတ်ပူသွားလို့ပါ
အခု အိပ်ချင်နေတာလား"

"အင်း လှဲနေချင်တယ်"

"တစ်ခုခုစား ဆေးသောက်ပြီးမှ လှဲပါလားကွာ နော်
ကိုကို ကြက်စွပ်ပြုတ်လုပ်ထားတယ်
ကလေးလေး ခေါက်ဆွဲထည့်ချင်ရင် ထည့်ပေးမယ်လေ"

"ကိုကိုခွံပေးမလား"

"ခွံပေးမှာပေါ့ ဒါဆိုခဏလေးလှဲပြီးစောင့်နေ
ကိုကိုခေါက်ဆွဲသွားထည့်ခဲ့မယ်
အိပ်ယာပေါ်မှာလှဲနေ"

ကိုယ် နည်းနည်းနွေးချင်နေတဲ့ကောင်လေးကို အိပ်ယာပေါ်မှာ လှဲစေလိုက်ပြီး ခေါင်းရင်း ပြတင်းပေါက်ကိုပါ ပိတ်လိုက်သည်။ ညလေက အေးသောကြောင့် အအေးပတ်ပြီး အဖျားတက်လာနိုင်သည်။ စောင်ပါ သေချာခြုံပေးပြီးမှ မီးဖိုခန်းကိုသွားကာ ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ပြုတ်ပြီး ကြက်စွပ်ပြုတ်နဲ့ ရောကာ ပြန်ပြုတ်ရသည်။ ၁၅ မိနစ်လောက် ပြုတ်ပြီးသွားမှ ကြွေပန်းကန်လုံးလေးနှင့်ထည့်ကာ ကလေးလေးဆီ သယ်သွားသည်။ ကလေးကို စိတ်ပူနေတာနဲ့ ကိုယ်တိုင်ဗိုက်ဆာနေတာတောင် သတိမထားမိတော့။

"ကလေးလေး ခေါက်ဆွဲပြုတ်လေးစားရအောင်
မကုန်ရင်တောင် တစ်ဝက်လောက်တော့စားနော်
ပြီးရင်ဆေးသောက်မယ်"

ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးကို ထောင်လိုက်ပြီး ကလေးလေးကို မှီထိုင်စေလိုက်သည်။ ပြီးမှ ခေါက်ဆွဲပြုတ်ကို တစ်ဇွန်းချင်း မပူအောင်မှုတ်ပြီးကျွေးရသည်။ ဖျားနေပေမဲ့ တစ်ဝက်ကျော်ကျော်လောက် ကုန်သွားလို့တော်သေးသည်။ ကလေးလေး ဒီကိုစရောက်တုန်းက ဆရာဝန်ပေးထားသည့်ဆေးအချို့ ကျန်နေသေးသည်မို့ ထိုဆေးများကိုသာ တိုက်ပြီး ပြန်သိပ်ထားလိုက်သည်။

Red String of FATEWhere stories live. Discover now