"ကလေးလေး ဒီကိုလာလေ မျိုးစေ့ကျဲရအောင်"

"ဒါက ဘာပင်ပေါက်မှာလဲ ကိုကို"

"စတော်ဘယ်ရီ..."

"သီးလာရင် အများကြီးစားရမှာလား"

"သီး မသီး မသေချာသေးပါဘူး မြေစမ်းဖို့အတွက် အပင်ထွက်မြန်တာလေးကို စမ်းကြည့်တာ"

ချန်းယောလ်က ခက်ရင်းလေးနဲ့ မြေဆွပြီး ကလေးလေးက မျိုးစေ့လေးတွေကို ကျဲကာ မြေပြန်ဖို့သည်။ ထို့နောက် ရေအနည်းငယ်လောင်းသည်။ ဤသို့ဖြင့် သူတို့နှစ်ယောက်အတူတူ စတော်ဘယ်ရီပင်လေးများ ပျိုးနေခဲ့ပါသည်။

ရာသီဥတုပူလာပေမဲ့ ကလေးလေးက ပင်ပန်းဟန်မပြဘဲ ပျော်နေခဲ့သည်။ ကရားထဲကရေကို လက်ပေါ်လောင်းပြီး ဆော့နေသောကြောင့် မဆော့ဖို့ တားရသေးသည်။

နေ့ခင်း ထမင်းစားချိန်လောက်မှာ သူတို့အလုပ်သိမ်းလိုက်ပြီး ကလေးလေးကို ခြံအကြီးဘက်ပြန်ခေါ်ခဲ့သည်။ ခြံအသစ်ဘက်က လုပ်သားတွေကတော့ ယာယီထိုးထားသည့် တန်းလျားကြီးမှာပဲ နေ့လည်စာစားကြလိမ့်မည်။

ချန်းယောလ်ကတော့ ဝက်ကလေးကို သက်သောင့်သက်သာ စားစေချင်သောကြောင့် ခြံကြီးဘက်ပဲ ပြန်ခေါ်လာသည်။ ညနေပိုင်းလည်း ခြံသစ်ကို ပြန်သွားဖြစ်မည်မဟုတ်တော့။ ကလေးလေး ပင်ပန်းပြီးဖျားမှာ သူစိုးရိမ်ပါသည်။

အင်အားပြည့်ဝနေသေးတဲ့ ဝက်ကလေးကတော့ ခြံအကြီးကို ပြန်ရောက်တာနဲ့ မင်ချောနားကပ်ကာ သူလုပ်ခဲ့တာတွေ သွားကြွားနေသေးသည်။ တကယ်ကိုမနိုင်စိန်လေးပါပဲ။

💓

"ကလေးလေးရေ ထမင်းစားကြမယ်လေ
ကိုကိုဗိုက်ဆာနေပြီ မြန်မြန်လာ"

"အင်း...ကိုကို ခဏလေး လှဲချင်သေးလို့"

ချန်းယောလ် ထမင်းခူးနေတာကို ရပ်လိုက်ပြီး ကလေးလေးအိပ်နေသည့် ဧည့်ခန်းက ထိုင်ခုံဆီသွားလိုက်သည်။ ကလေးလေးက မျက်လုံးတွေမှိတ်ထားပြီး စောင်ကိုပါယူခြုံထားသေးသည်။ ကလေး ဖျားနေပြီထင်တယ်။

"ကလေးလေး နေမကောင်းဘူးလား"

"အင်း လက်တွေခြေတွေ နာနေတယ် ကိုကို"

Red String of FATEWhere stories live. Discover now