"နေရာအသစ်ဆိုတော့ ခဏခဏ သွားချင်လို့ ဟီးဟီး"
"အပင်စိုက်ဖို့ တကယ်အဆင်ပြေရင် ခဏခဏ သွားမယ် ဟုတ်ပြီလား"
ဆံပင်လေးတွေကို အသာဆွဲဖွရင်းပြောတော့ သဘောတကျ ခေါင်းကို အကြိမ်ကြိမ်ငြိမ့်ပြသည်။ စိုက်ပျိုးခြံအသစ်က လက်ရှိခြံအကြီးလို နားဖို့နေရာလည်းမရှိသေးဘဲ နေပူပေမဲ့ ကောင်လေးက လိုက်ချင်နေလို့သာ ခေါ်သွားရတာဖြစ်သည်။ ချန်းယောလ်ကတော့ ကလေးဖျားမည်ကိုစိုးပြီး ခေါ်မသွားချင်။ အကြာကြီးသွားရင်လည်း တစ်ယောက်တည်းဖြစ်ပြီး ငိုနေမှာစိုးသောကြောင့် ခေါ်သွားဖို့သာ ဆုံးဖြတ်ခဲ့ရသည်။ နေပူမိပြီးမဖျားအောင်တော့ ဦးထုပ်တွေရော ရေဗူးတွေပါ အသေအချာယူခဲ့သေးသည်။
စိုက်ပျိုးခြံအကြီးကို အနည်းငယ်ကျော်ခဲ့ပြီးမှ ခြံအသစ်ဘက်ကိုရောက်သည်။ ဒီခြံက ချန်းယောလ်အပိုင်မဟုတ်ဘဲ မြို့ပိုင်မြေကွက်ဖြစ်သည်။ စိုက်ပျိုးခြံလုပ်ဖို့အဆင်ပြေရင် မြို့ရံပုံငွေအတွက် ရောင်းရန် စီစဉ်ထားကြသည်။ အုပ်ချုပ်ရေးမှူးက စိုက်ပျိုးရေးအတွက် သေချာနားလည်သည့် ချန်းယောလ်ဆီမှာ အကူအညီတောင်းထားသောကြောင့် ထိုခြံကို သေချာလုပ်ကိုင်ပေးနေတာဖြစ်သည်။
ဟင်းလင်းပြင်ဖြစ်နေသော စိုက်ပျိုးမြေထဲ ကားမောင်းဝင်ခဲ့ပြီး သစ်ပင်ကြီးကြီးအောက်တွင် ကားကို ရပ်လိုက်သည်။ ရာသီဥတု အရမ်းပြင်းလာရင် ကလေးလေးကို ကားပေါ်မှာပဲ အနားယူခိုင်းထားမည်။ ထို့ကြောင့် ကားက ပူနေလို့မဖြစ်။ အရိပ်မှာရပ်ထားမှသာ အဆင်ပြေမည်။
အပူအပင်မရှိတဲ့ ကလေးလေးကတော့ နေရာအသစ်ကို စူးစမ်းလိုစိတ်နဲ့ ကားပေါ်ကနေဆင်းပြီးသွားပြီဖြစ်သည်။
"ကလေးလေး နေပူလာတော့မယ်
ဦးထုပ်ယူထား"
ဝက်ကလေး ခေါင်းပေါ်ကို ဦးထုပ်တင်ပေးလိုက်ပြီးတာနဲ့ အတန်းလိုက်မြေဖော်ထားသည့်နေရာသို့ ပြေးထွက်သွားသည်။ ခြံထဲမှာရှိနေပြီးသား လုပ်သားတစ်ချို့ကတော့ မြေကို ပျိုးပင်စိုက်ရလွယ်အောင် တူးဆွနေကြသည်။ ချန်းယောလ်က ဒီနေ့တစ်နေကုန်နီးပါး ဒီဘက်ခြံမှာနေရမည်ဆိုတော့ မင်ချောကို ခြံအကြီးမှာပဲ ထားခဲ့သည်။ ဒီနေ့တော့ ဝက်ကလေးကို ချန်းယောလ် တစ်ယောက်တည်းသာ ထိန်းရတော့မည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 11
Start from the beginning
