အပိုင်း ၆

Start from the beginning
                                    

"ဟုတ်တယ် နေကောင်းသွားလိမ့်မယ်။ သြော် မမပြောဖို့ မေ့နေတာ။ မမတို့ရဲ့ ဒုတိယဦးလေးဆီ သွားလည်တုန်းက ရိုးတွင်းခြင်ဆီနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးဖို့ သူသဘောတူခဲ့တယ်။ ဒါပေမယ့်အခု သူ အလုပ်ရှုပ်နေတော့ သူအားတဲ့အထိ စောင့်ရမှာပဲ " လို့ ဝူထုန်က သူမမောင်ကို စိတ်ချလက်ချရှိအောင် ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမတို့ရဲ့ ဒုတိယဦးလေးက ရှောင်ယွမ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ။

လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဆရာဝန်ပြောခဲ့တဲ့စကားတွေကို သူမ ပြန်တွေးကြည့်ကာ ပိုပြီး စိတ်ပိုင်းဖြတ်လာနိုင်ခဲ့သည်။

"ဝူထုန်၊ နင့်ရဲ့မောင်လေးမှာ အချိန်သိပ်မကျန်တော့ဘူး။ ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီမရင် သူအသက်ရှင်ဖို့က အနည်းဆုံး နှစ်လပဲကျန်တော့မှာ။ ငါအကြံပေးချင်တာက......ငါတို့ သူ့ကို ဓာတုကုထုံးတွေ မလုပ်ပေးတော့ဘူး"

"ဒုတိယဦးလေး" ရှောင်ယွမ်ရဲ့ ဒုတိယဦးလေးအပေါ် အထင်အမြင်မှာ တိမ်မြုပ်နေခဲ့ပြီ။ ငယ်ငယ်တုန်းက သူတို့မိသားစုက သူ့အဘိုးကြောင့်သာ ရင်းနှီးခဲ့ကြသည်။ သူ့အဖိုးဆုံးပါးသွားပြီးနောက် သူတို့ ဝေးကွာသွားခဲ့ကြသည်။ သူ့ဒုတိယဦးလေးကို သူနောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့သုံးနှစ် သူ့အဘိုးရဲ့ဈာပနတွင်ဖြစ်သည်။

"ဟုတ်တယ်။ မောင်လေး နေမကောင်းတဲ့အကြောင်းကြားတော့ သူတကယ်စိုးရိမ်နေတဲ့ပုံပဲ " လို့ ဝူထုန်က ပြုံးပြုံးလေးပြောလိုက်သည်။ "ဆွေမျိုးတွေကြားက ကိုက်ညီမှုနှုန်းက အရမ်းမြင့်တယ်လို့ ဆရာဝန်က ပြောခဲ့တယ်။ မောင်လေး အဆင်ပြေသွားမှာပါ!"

"အွန်း " သူမရဲ့စကားကမှန်လားဆိုတာ သူ သေချာမသိခဲ့သော်လည်း ရှောင်ယွမ် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သေးသည်။ သူ့မမကို စိတ်မပူစေချင်ဘူး။

"အခန်းထဲပြန်ရအောင်" အပြင်မှာ အကြာကြီးနေနေရင် ရှောင်ယွမ်ရဲ့ ကျန်းမာရေးကို ထိခိုက်မှာကြောက်လို့ ဝူထုန်က သူ့ကို လူနာဆောင်ထဲ အမြန်ပြန်ခေါ်သွားခဲ့သည်။ သူမ တံခါးဖွင့်လိုက်ချိန် သူမ ဒုတိယဦးလေးရဲ့ မိသားစုက အထဲမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now