Part-2(zawgyi)

Beginne am Anfang
                                    

"မင်း..မင်းပြောသလိုငါကရှင်ဘုရင်ဖြစ်တော့မှာ
မင်းဘေးနားငါရှိပေးနိုင်မှာမဟုတ်ဘူးဟေ့ကောင်
ငါမင်းကိုမြတ်နိုးရမယ့်သူရှာပေးမယ် ငါရရင်
မင်းလဲယူရမယ် ဒါပဲ!"

ပြောချင်ရာပြောပြီး သေရည်ဝိုင်းကနေထွက်သွားတဲ့တိုင်းပြည်ရဲ့အားကိုးရာကိုကြည့်ပြီး Bibleကခေါင်းသာထပ်ရမ်းမိသည်။ဒီတိုင်းပြည်လဲကမောက်ကမတွေဖြစ်အုန်းမှာပဲ။

_____

"Build ဓါးအသွားတွေသွေးကွယ် စာဖတ်နေတာကြာပြီ"

အဘွားရဲ့သတိပေးသံကြောင့် သက်ပြင်းချကာစိတ်ဝင်တစားဖတ်ဖြစ်နေတဲ့ ဘာသာစကားစာအုပ်ကိုဘေးချပြီး ဓါးသွေးရန်ပြင်လိုက်သည်။

"Buibui ဘယ်နေ့ကိတ်မုန့်ဖုတ်အုန်းမှာလဲ"
ပါးဖောင်းဖောင်း၂ဖက်ကလုံးကစ်အိစက်နေတာကိုမှအားမနာစားရန်သာစိတ်အားထက်သန်နေတဲ့ကလေးပေါက်စကိုကြည့်ပြီး  build ကမျက်ခုံးတွေတွန့်ချိုးလိုက်သည်။

ဒါသူတို့အိမ်ကအငယ်ဆုံးလေး..
ဒီမှာအလုပ်စ၀င်ကတည်းက မိသားစုဆိုတဲ့အရသာကိုမြည်းတော့မြည်းစမ်းစပြုနေလေပြီ။
အဖွားရယ်အဖွားရဲ့ချွေးမရယ် အဖွားမြေးလေးရယ်က ဓါးလုပ်ငန်းတွေဦးစီးနေတယ်ဆိုတာကတော့အထူးအဆန်းဖြစ်စေမယ်ဆိုပေမယ့် ဒါဟာအမှန်တကယ်ပဲ။

"မင်းမနေ့ကမှစားထားတာလေ ဂျစ်တူးလုပ်မနေနဲ့wen"

Wenကိုခပ်ဆူဆူအသံလေးနဲ့ငြီးပြလိုက်တော့ wen ကအဘွားကိုပြေးတိုင်သည်။

"Buibui ကသားကိုဂျစ်တူးတဲ့ဘွား!"

"Wen ကတကယ်ဂျစ်တူးနေတာကိုးး" အဘွားဆီကလဲစစ်ကူမရတော့ wen မျက်နှာကမဲတူးသွားတာကြောင့်  bui ကကြိတ်သာရီလိုက်သည်။

"ဘာပဲဖြစ်ဖြစ်  buibui မုန့်လေးတော့လုပ်ကျွေးနော်သားဗိုက်ဆာလို့"

"အင်းပါအင်းပါ သားက  P' ကိုဒီနားမလည်တဲ့အပိုင်းရှင်းပြရင်လုပ်ကျွေးမယ် ဘယ်လိုလဲသဘောတူလား?"

Buildကကျောင်းမတက်ခဲ့ရပေမယ့် စာတော့တက်သည် သို့သော်ဒီဘာသာစကားအသစ်အဆန်းကိုတော့နားမလည်တာမျိုးရှိ၏။ Wenကကျောင်းမှာဒီဘာသာစကားကို ထိထိရောက်ရောက်သင်ရတော့  buildထပ်ပိုသိတာမို့အကူအညီတောင်းလိုက်ခြင်းဖြစ်သည်။

This is How Mr. English Hunt My Heart(completed) Wo Geschichten leben. Entdecke jetzt