Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)

Start from the beginning
                                    

သူ့ပုံစံလေးကို မြင်တော့ လော့လင်းရှန်းက အမြန် အိပ်ယာပေါ် ပြန်လှဲအိပ်ခိုင်းတော့သည်။ "မင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတော့ နှိုးစက်ပိတ်လိုက်တာ။ မင်းက ဒီအချိန် ထနေကြမဟုတ်ဘူးလေ။ အဲ့တော့ အခုလှဲပြီး အိပ်ရေးဝအောင် အိပ်လိုက်။"

"မဖြစ်ဘူး..." ရှီယွင်နန် ငြင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အခြေအနေကို အောင့်အည်းချုပ်တည်းထားလိုင်သည်။ "မနေ့ညက ရွှေငါးလေးကို ကျောင်းလိုက်ပို့ပေးမယ်လို့ ကတိပေးထားတယ်။"

ရွှေငါးလေးမှာ မူကြိိုတက်အတန်းပြီးသွားပြီဖြစ်တာကြောင့် ဒီနေ့ မူလတန်း စတက်ရမည့် ပထမဆုံးနေ့ဖြစ်သည်။

သူတဖြည်းဖြည်း အရွယ်ရောက်လာပြီဟု ခံစားမိတာကြောင့်ဖြစ်ကောင်းဖြစ်နိုင်၏။ ထိုကောင်လေးမှာ မနေ့ညကတည်းက အလွန်စိတ်လှုပ်ရှားနေပြီး ရှီယွင်နန်ကိုတောင် ကျောင်းလွယ်အိတ်အသစ်နှင့် စာရေးကိရိယာများ ပြခဲ့သေးသည်။

ရှီယွင်နန်တစ်ယောက် "ငါ့ကလေးလေး ဘဝခရီးသစ်ကို လျှောက်ရတော့မယ်" ဟု ဂုဏ်ယူဝင်ကြွားစွာ တွေးနေခဲ့မိ၏။ ထို့ကြောင့် သူ့ကို ကျောင်းလိုက်ပို့ပေးမယ်လို့ ပြောခဲ့မိသည်။ သို့သော်လည်း အချိန်ကို သတိထားမိလိုက်တဲ့အခါတော့ —

ရှစ်နာရီတောင် ထိုးတော့မယ်! ကျေးဇူးပြုပြီး သူအချိန်မှီပါစေ။ အခုတော့ သူ့ဆုံးဖြတ်ချက်ကို နောင်တရနေပါပြီ။

နှစ်ရှစ်ရာလောက် မနက်အစောကြီး တစ်ခါမှ မနိုးခဲ့သည့် ရှီယွင်နန်တစ်ယောက် ထိုနေရာမှာပဲ မှင်သက်နေမိပြီး သူတူလေးကို မျက်နှာချင်း မဆိုင်ရဲတော့။

ဒီဇိုင်းနာတစ်ယောက်အတွက် ညဘက်နောက်ကျတဲ့အထိနေခြင်းမှာ အဆင်ပြေသော်လည်း မနက်အစောကြီး ထရတာကတော့ အဆင်မပြေပေ။

သို့သော်လည်း ရွှေငါးလေးရဲ့ မျှော်လင့်တကြီး စောင့်စားနေတဲ့ မျက်လုံးလေးတွေကို တွေးမိသွားကာ သူကတိကို မဖျက်နိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ ကလေးကို "ကတိမတည်တဲ့ လူပုံစံမျိုး" ရှေ့ဆောင်လမ်းပြ သင်ပြလို့မဖြစ်။

ထို့ကြောင့် လော့လင်းရှန်းနှင့် လူကြီးကိစ္စများလုပ်ပြီးနောက် မထနိုင်မှာစိုးကာ alarmကို သုံးခါတောင် ပေးထားခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now