Episode [ 3 ]

307 54 3
                                    

" ကျွန်မသားလေးခင်မျာ ဘာလို့များ ကံဆိုးနေရတာလဲဟင် ။ အညံ့တွေပျောက်အောင်လို့ ယွန်းလေးအတွက် ဝတ်ပြုဆုတောင်းပေးရမယ်ထင်တယ် ။ လိုလိုမယ်မယ် အဆောင်လေးလည်း တောင်းထားရမယ် "

သခင်ကြီးက သခင်မကြီး၏ လက်ကို ခပ်ဖွဖွဆုပ်ကိုင်လာပြီး နှစ်သိမ့်ပေးလာသည် ။

ငါလည်း အဲ့လို ချုံးပွဲချ ငိုလိုက်ချင်တယ် !!!

သခင်ကြီးက ကရုဏာသက်စွာ ဆိုလာသည် ။

" ယွန်းလေး...ဘာကိုမှ မကြောက်နဲ့တော့နော် ။ အခု အဆင်ပြေသွားပြီ ။ သား အသက်ရှင်နေပြီနော် ။ ကောင်းကောင်းလေး အနားယူလိုက်ဦး "

သခင်ကြီးမှာ သားငယ်လေး၏ ညိုးငယ်နေသည့်မျက်နှာလေးကို ကြည့်ရင်း စိတ်မကောင်းဖြစ်လာရသည် ။ ဂန်းလေးနှင့် အစောင့်တပ်သားတွေရဲ့ ပြောကြားချက်အရ ကောင်းကင်ကရွှေရောင်ငှက်ကိုကြည့်ရင်းရေကန်ထဲ ခြေချော်ကျခြင်း ဖြစ်သည်ဟု ဆိုပေသည် ။ ရွှေရောင်ငှက်ကို သူ့သက်တမ်းတစ်လျှောက်မမြင်ဖူးပါချေ ။ သားငယ်လေးက အမြင်မှားခြင်းသာ ဖြစ်ပေမည် ။

တကယ်ပဲ ကံညံ့နေပါတယ် ထင်ပါရဲ့ ။

သခင်ကြီးမှာ ဘေး၌ တရှုံရှုံငိုနေသည့်ဂန်းလေးကို လှမ်းကြည့်လိုက်သည် ။

" ဂန်းလေး သခင်ငယ်လေးကို သေချာဂရုစိုက်ပေးလိုက် "

" စိတ်ချပါ သခင်ကြီး "

တရှုံရှုံအသံဖြင့် ဂန်းလေးက ဆိုလာသည် ။

အခန်းတွင်းရှိ လူတိုင်းမှာ အလိုက်တသိဖြင့် အပြင်သို့ ထွက်ခွာသွားကြ​လေပြီး အခုထိ တအီအီ ငိုနေသည့်ဂန်းလေးနှင့် သူသာ ကျန်ရှိခဲ့သည် ။

နဂိုကတည်းကမှ စိတ်ညစ်နေသည့်မင်ယွန်းဂီမှာ ထိုငိုသံကို နားမခံနိုင်တော့တာကြောင့် ငုတ်တုတ်ထထိုင်လိုက်ပြီး အော်ငေါက်လိုက်သည် ။

" ငါ သေသွားတာလဲ မဟုတ် ! ဘယ်အချိန်ထိ ငိုနေမှာလဲ ! "

ဂန်းလေးက သူ့ထံသို့ တိုးလာပြီး တအီအီအသံဖြင့် ဆိုလာသည် ။

" အဲ့လိုမပြောပါနဲ့ သခင်ငယ်လေးရယ် ။ သခင်ငယ်လေး မရှိတော့ရင် ကျွန်တော် ဘယ်သူ့ကို အလုပ်အကျွေးပြုရမှာလဲဗျာ ။ ကျွန်တော် စိတ်မကောင်းလို့ပါဗျာ "

IN THE DARKNESSWhere stories live. Discover now