"ဆွဲကြိုးက..."

"ပုလဲနက်လေးက လှလို့လား
ကိုကိုကြိုက်လို့လား ကလေးလေး ချွတ်ပေးမယ်"

"မချွတ်ရဘူးလေ
အထဲထည့်ဝတ်ထား သူများတွေ့ရင် ယူသွားဦးမယ်"

ရှပ်အင်္ကျီကို ကြယ်သီးတပ်ပေးပြီး ရှည်ထွက်နေတဲ့ လက်တွေကို အနေတော်ဖြစ်အောင် ခေါက်ပေးလိုက်သည်။

"ကိုကို မြို့က ဝေးလားဟင်"

"အင်း ဝေးတယ်"

"မုန့်တွေရော အများကြီးရှိလား
မုန့်အများကြီးဝယ်ကျွေးမှာလား"

"ဝယ်ကျွေးမယ် လိမ်လိမ်မာမာတော့ နေရမယ်နော်
မဟုတ်တာတွေ မပူဆာရဘူး"

"ဟုတ်ကဲ့"

"ဒါဆိုသွားရအောင် ဦးလေးဂျွန်ကို သွားနှုတ်ဆက်လိုက်ဦး"

ကလေးလေးအတွက်လိုတဲ့ ရေဗူးနဲ့ အဆာပြေမုန့်အချို့ကို အိတ်ထဲထည့်ပြီး အိမ်တံခါးကို သော့ခတ်လိုက်သည်။ ဒီနေ့က သူတို့နားသည့်ရက်မို့ ကလေးလေးကို ကတိပေးဖူးသည့်အတိုင်း မြို့ကို ခေါ်သွားပေးရမည်။သူစားချင်တာလေးတွေဝယ်ပေးပြီး လိုတာလေးတွေလည်း ဝယ်ပေးရဦးမည်။

"ချန်းယောလ် မြို့သွားဖို့လား"

"ဟုတ်တယ် ဦးလေး ဘာမှာဦးမလဲ"

"ဦးလေးသုံးနေကျ ဒဏ်ကြေဆေးလေး ဝယ်ခဲ့ပေးပါဦး"

"ပြီးတော့ရော..."

"ဒါပဲ ချန်းယောလ်...
မင်းသားလေးရေ မြို့မှာ မုန့်တွေအများကြီးစားခဲ့နော်"

"ကိုကို့ကလေးလေးပါဆို ဦးလေးဂျွန်ကလည်း"

"အာ ဟုတ်သားပဲ
ဦးလေးဂျွန်က အသက်ကြီးလို့ မေ့သွားတာ"

"နောက်မမေ့နဲ့နော်"

"ဟုတ်ပါပြီကွာ နေမမြင့်ခင် သွားကြတော့"

ဦးလေးဂျွန်ကို သေချာနှုတ်ဆက်ပြီး ဂျစ်ကားလေးနဲ့ မြို့ကိုအလည်အပတ်ခရီး စတင်တော့သည်။ နေ့စဉ်မြင်နေကျ မြင်ကွင်းတွေကျော်လာတာနဲ့ ကောင်လေးက ခေါင်းလေးလည်နေအောင် ဘေးကို ငေးတော့သည်။ မြင်သမျှကိုလည်း ဟိုဟိုဒီဒီ စပ်စုရင်း မေးလို့မြန်းလို့မဆုံးနိုင်တော့။ စကားပြောရတာမောသွားတော့မှ ရေဗူးဖွင့်သောက်ပြီး မုန့်တစ်ထုပ်ဖောက်စားလိုက်သည်။

Red String of FATEWhere stories live. Discover now