"ခဏနေမှ လိုက်ခဲ့မယ်"
"ဒါဆို မင်ချောကို မနှောက်ယှက်နဲ့
ကောင်းကောင်းနေ"
ကယ်တင်ရှင်ထွက်သွားတော့မှ မင်းသားလေးက လှည့်ကြည့်ပြီး လျှာထုတ်ပြကာ ခြေထောက်ကို ဆောင့်လိုက်သည်။ မင်းသားလေး စိတ်ဆိုးနေတာ ကယ်တင်ရှင်က မချော့ဘူး။ အမြင်ကတ်စရာကြီး။
တစ်ယောက်တည်း ပွစိပွစိလုပ်နေတဲ့ မင်းသားလေးကို မင်ချောက သူအလုပ်လုပ်တဲ့ နေရာဆီခေါ်သွားသည်။ အစ်ကိုချန်းယောလ်နဲ့ စိတ်ကောက်နေကြသည်ဆိုတော့ မင်းသားလေး စိတ်ကြည်အောင် သူလုပ်ပေးချင်သည်။
"မင်းသားလေး ဒီမှာကြည့်"
လှောင်ချိုင့်ထဲက ဖြူဖြူဖွေးဖွေး ယုန်လေးနှစ်ကောင်ကိုကြည့်ပြီး မင်းသားလေး မျက်လုံးတွေက အရည်တလဲ့လဲ့။
"မင်ချော ဒါ မင်ချောဝယ်ထားတာလား"
"အင်း သားလေးအတွက်လေ"
"မင်ချော ကလေးလေး အတွက်လား"
"ဟုတ်တယ် မင်းသားလေး ဆော့ချင်ရင် အစ်ကိုတို့အိမ် လာလည်ရင်း ဆော့ပေါ့"
"တကယ်ဆော့လို့ရတာလား"
"ရတယ် ရတယ် လာသာလာခဲ့"
အပျော်ကြီးပျော်ပြီး လက်ခုပ်တီးနေတဲ့ မင်းသားလေးကချက်ချင်းပဲ အလိုမကျသလို မှုန်ကုတ်သွားပြန်သည်။
"မင်ချော ကလေးလေးက ကံကောင်းလိုက်တာနော်"
"ဘာလို့လဲ မင်းသားလေးရဲ့"
"ကလေးလေးဆိုတော့ လိုချင်တာကို မင်ချောက ဝယ်ပေးတယ်လေ
ကျွန်တော်လည်း ကလေးလေး ဖြစ်ချင်လိုက်တာ"
"ဒါများ ခက်တာမှတ်လို့
မင်းသားလေးက အစ်ကိုချန်းယောလ်ရဲ့ ကလေးလေး လုပ်လိုက်"
"ကယ်တင်ရှင်ရဲ့ ကလေးလေးလား"
"အင်း"
မင်းသားလေးက ချက်ချင်း လက်မခံဘဲ မျက်လုံးလေး ထောင့်ကပ်ကာ စဉ်းစားခန်းဝင်နေပြန်သည်။ ပြီးတော့မှ....
"ဒါဆို မင်ချောကလေးလေးက မင်ချောကို ဖေဖေလို့ခေါ်သလို
ကျွန်တော်က ကယ်တင်ရှင်ကို ဖေဖေလို့ ပြောင်းခေါ်ရမှာပေါ့"
VOUS LISEZ
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 9
Depuis le début
