နေ့ခင်းဘက်ရောက်လာတော့ လူကစိတ်ကောက်ကာ တင်းခံနေနိုင်သေးပေမဲ့ ဗိုက်က တင်းမခံချင်ဘဲ ဆာလောင်လာသည်။ ဒီတော့လည်း မနေနိုင်တဲ့ မင်းသားလေးကပဲ ကယ်တင်ရှင်ကို စကားစပြောရတော့သည်။

"ဗိုက်ဆာပြီ"

ကယ်တင်ရှင်က မင်းသားလေးကို တစ်ချက်ပဲကြည့်ကာ ဘာမှ ပြန်ပြောဘဲ သူ့စာရင်းစာအုပ်များကို ပိတ်လိုက်သည်။ ထို့နောက် အခန်းထဲရှိဘေစင်မှာ လက်ကိုဆေးပြီး နှီးဦးထုပ်ဝိုင်းကြီးကို ဆောင်းလိုက်သည်။ အရင်လို မင်းသားလေးကို လက်ဆေးဖို့လည်းမပြော၊ ဦးထုပ်လည်း ဆောင်းမပေး။ မလုပ်ပေးနေပေါ့။ မင်းသားလေးက လုပ်တတ်သားပဲ။

ကိုယ်တိုင် လက်ဆေး ဦးထုပ်ဆောင်းပြီးသွားတဲ့ မင်းသားလေးက ကယ်တင်ရှင်ကို စောင့်မနေတော့ဘဲ ထမင်းစားဆောင်ကို ရှေ့ကနေ ထွက်လာခဲ့သည်။ မင်းသားလေးကို ကြည့်ပြီး ရယ်ချင်စိတ်ထိန်းထားရသည့် ကယ်တင်ရှင်ရဲ့ မျက်နှာကိုတော့ မင်းသားလေးက မြင်လိုက်မည်မဟုတ်ပေ။

💓

ကယ်တင်ရှင်ကို စိတ်ဆိုးဆိုးနဲ့ ထမင်းသုံးပန်းကန်လောက် စားပစ်လိုက်ပြီးနောက် မင်းသားလေးက ဗိုက်လေးလို့လာသည်။ အလုပ်ခန်းထဲ ချက်ချင်းပြန်မသွားချင်သောကြောင့် မင်ချောနားကို ကပ်ပြီး ကယ်တင်ရှင်ကို မကျေနပ်ကြောင်းတွေ ပြောနေလိုက်သည်။

"မင်းသားလေးက ယုန်လေးတွေနဲ့ ဆော့ချင်လို့လား"

"အင်းလေ ယုန်လေးတွေက ဘယ်လောက်ချစ်စရာကောင်းလဲ
ကျွန်တော်လိုချင်တယ်"

"ဟိုတစ်ခါလိုတော့ ဆေးမသုတ်ဘူးမလား"

သူ့အမှားကို ပြောလိုက်တော့ မင်းသားလေးရဲ့ နှုတ်ခမ်းက ချက်ချင်း စူထွက်လာသည်။

"မသုတ်ပါဘူး မင်ချောကလည်း
လူတွေရော အကောင်လေးတွေရောက အရောင်မတူတာ ကျွန်တော် နားလည်နေပါပြီ
ကျွန်တော်က အသားဖြူပြီး မင်ချောက မဲနေသလိုပေါ့"

မင်းသားလေးပြောတဲ့  စကားက မှန်နေတာမို့ မင်ချောလည်း အီလည်လည်နဲ့ ငြိမ်ခံလိုက်ရသည်။

"အလုပ်ခန်းကိုပြန်မယ်လေ"

မင်းသားလေးက ရုပ်တည်ကြီးနဲ့ လာခေါ်နေတဲ့ ကယ်တင်ရှင်ကို ကျောခိုင်းလို့ မင်ချောဘက်ကိုလှည့်လိုက်သည်။

Red String of FATEHikayelerin yaşadığı yer. Şimdi keşfedin