တစ်အောင့်လောက်ကြာတော့ ခရုကောက်လိုက် ရေဆော့လိုက်နှင့် မောသွားတဲ့ကောင်လေးက နေရိပ်တဲ့အပင်အောက်မှာ ထိုင်ပြီး အနားယူနေသည်။

"မင်းသားလေး မောသွားပြီလား အိမ်ပြန်မယ်လေ"

"ခဏနေ ထပ်ဆော့ဦးမှာ"

"နေမြင့်နေပြီ နေပူမိပြီးဖျားမယ်
နောက်နေ့မှ ထပ်လာတော့"

"ဆော့ချင်သေးတာပါဆို"

"မင်းသားလေးက လိမ္မာရဲ့သားနဲ့
နောက်နေ့ထပ်လာမယ်နော်
ပင်လယ်ကြီးက အမြဲရှိနေမှာ မင်းလာချင်တိုင်း လာလို့ရတယ်
.
.
မင်းသာ ဒီမှာ အမြဲရှိမယ်ဆိုရင်ပေါ့"

ချန်းယောလ်ရဲ့ နောက်ဆုံးစကားကို မင်းသားလေးက နားမလည်သလို ကြည့်လာသည်။ထို့နောက် သူစိတ်ဝင်စားရင် ဖြစ်နေကျအတိုင်း ချန်းယောလ်နားကို ပိုပြီး တိုးကပ်လာသည်။

"ကျွန်တော်က ဘာလို့ ဒီမှာအမြဲ မရှိရမှာလဲ"

"မင်းအိမ်ပြန်ရဦးမယ်လေ"

"အိမ်က ဟိုးမှာလေ"

ချန်းယောလ် အိမ်ရှိတဲ့ဘက်ကို လက်ညှိုးညွှန်ပြပြီး ပြောနေတဲ့ပုံက ဒီအိမ်ကို သူ့အိမ်လို့ တစ်သက်တာ သတ်မှတ်လိုက်တဲ့ပုံမျိုး။ သဲအချို့ကပ်နေတဲ့ လက်ညှိုးလေးကို ဖမ်းဆွဲပြီး သဲတွေကို ခါပေးလိုက်ရင်း မင်းသားလေး နားလည်အောင် သူက ရှင်းပြရသေးသည်။

"မင်းက ဒီပင်လယ်ထဲကနေ ရောက်လာတာလေ
မင်းနဲ့မင်းမိသားစုက ခရီးသွားရင်း မုန်တိုင်းမိတာဖြစ်ဖြစ် တစ်ခုခုဖြစ်ပြီးရောက်လာတာ
မင်းက ခေါင်းမှာ ခိုက်မိသွားလို့ အရင်တုန်းက မိသားစုကို မမှတ်မိတော့တာ
အချိန်တန်ရင် အိမ်ပြန်ရမှာပဲ မင်းသားလေးရဲ့
မင်းမိသားစုက မင်းကို လာရှာကြမှာပဲ"

"ကျွန်တော်မသိတဲ့လူတွေ လာရှာရင် ကယ်တင်ရှင်ရဲ့နောက်မှာ ပုန်းနေမယ်
ကျွန်တော့်ကို မထည့်ပေးလိုက်နဲ့နော်
သူတို့က ကယ်တင်ရှင်လို မုန့်မကျွေးရင် ကျွန်တော် ဗိုက်ဆာနေရမှာ"

"မင်းက မုန့်ကလွဲရင် ဘာမှကို မသိပါလား"

"ဟီးဟီး ပြောရင်းတောင် ဗိုက်ဆာလာပြီ
အိမ်ပြန်ကြမယ်လေ"

Red String of FATEDonde viven las historias. Descúbrelo ahora