"ဒါဆိုလေ ကယ်တင်ရှင်
ကျွန်တော်တို့ လင်မယားလုပ်ကြမယ်လေ"
"နေပါဦး မင်းက ဘာလို့ဒီလောက်တောင် လင်မယားလုပ်ချင်နေရတာလဲ"
"ပိုက်ဆံ တူတူသုံးမယ်လေ"
ဪ အလည်လေး။ သူပိုက်ဆံသုံးချင်တာနဲ့ပဲ လင်မယားက လုပ်ပေးရဦးမယ်။ လင်မယားဆိုတဲ့စကားရဲ့ အတိမ်အနက်ကိုလည်း နားမလည်ဘဲ ဒီကလေးနဲ့တော့ ခက်နေပါပြီ။
"မင်းနဲ့တော့ ခက်တာပဲ
မင်းလျော်စရာတွေအကုန် ငါလျော်လိုက်တော့မယ် ဟုတ်ပြီလား
လင်မယားက လုပ်လို့မရဘူး"
"တကယ်နော် တကယ်လျော်ပေးမှာမလား"
"အင်း တကယ်"
"ဒါဆို ကတိ"
လက်သန်းသေးသေးလေးကို အမြန် ချိတ်လိုက်ပြီး မျက်နှာသစ်သွားတိုက်ရန် ရေချိုးခန်းထဲ အမြန် ပို့လိုက်တော့သည်။စကားဆက်ပြောနေရင် လင်မယားသံသရာက ဆုံးနိုင်တော့မည်မဟုတ်။ ပြီးတော့ မင်းသားလေးအတွက်လည်း မုန့်ဖိုးရမဲ့ အလုပ်တစ်ခု ပေးဖို့ စဉ်းစားရတော့မည်။ မဟုတ်ရင်တော့ ငွေလိုတိုင်း သူ့ကို လင်မယားလုပ်ဖို့ ပူဆာနေဦးမည်။
💓
ချန်းယောလ်ရှေ့မှာ တစ်လှုပ်လှုပ်နဲ့ အလုပ်များနေတဲ့ မင်းသားလေးကို ကြည့်ပြီး သူသဘောတကျ ပြုံးလိုက်မိသည်။ အခုတော့ မင်းသားလေးမှာလည်း ဝင်ငွေရတဲ့အလုပ်လေး တစ်ခုတော့ရှိသွားပြီ။ ချန်းယောလ် ခြံက အသီးတွေကို အခြောက်ခံပြီး ဖြန့်တဲ့အလုပ်တစ်ခုပါ ထပ်တိုးထားသည်။ ထိုအလုပ်အတွက် ထုပ်ပိုးမှုအပိုင်းမှာ မင်းသားလေးကို အလုပ်ပေးထားသည်။ ခြံလုပ်သားတွေနဲ့တူတူ စက်ရုံထဲ ထုပ်ပိုးတာမျိုးမဟုတ်ဘဲ ချန်းယောလ်ရဲ့ သစ်သားအိမ်လေးထဲမှာ နေရာသီးသန့်ပေးပြီး ထုပ်ပိုးခိုင်းထားတာဖြစ်သည်။
စက်ရုံမှာ သေချာပိတ်တာတွေကတော့ ဈေးကွက်ဖြန့်ဖို့ဖြစ်ပြီး မင်းသားလေး ကိုယ်တိုင် ချိန်တွယ်ထပ်ပိုးတာလေးတွေကတော့ နမူနာဝေဖို့နဲ့ လက်ဆောင်ထည့်ပေးဖို့ ဖြစ်သည်။ မင်းသားလေးကို တခြားလုပ်သားတွေနည်းတူ စက်ရုံထဲထားခဲ့ဖို့ သူစိတ်မချပါ။ အချိန်တိုင်း မျက်စိအောက်မှာမြင်နေရမှ စိတ်အေးသည်။
DU LIEST GERADE
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 8
Beginne am Anfang
