"ဟ လူလည်လေး
မင်းလျော်ရမှာ မင်းပိုက်ဆံနဲ့လျော်ပေါ့
ငါ့ဆီက ဘာလို့ လာတောင်းနေတာလဲ"

"ပေးပါ ကယ်တင်ရှင်ရယ်
တစ်အိမ်တည်းနေတဲ့ လင်မယားတွေပဲကို..."

"ဘာ...ဘာပြောလိုက်တာ"

"လင်မယားလို့လေ"

မျက်လုံးလေးဝိုင်းပြီး အနားကပ်လာတဲ့ ကောင်လေးကြောင့် သူနောက်ဆုတ်လိုက်သည်။ ဒီကလေးကို ထူးထူးဆန်းဆန်းစကားတွေ ဘယ်သူက သင်ပေးလိုက်တာလဲ။

"မင်းကို အဲ့လိုဘယ်သူပြောလဲ"

"မင်ချောက..."

"မင်ချောက သင်ပေးလိုက်တာလား"

"သင်ပေးတာတော့မဟုတ်ပေမဲ့ မင်ချောပြောတာကြားခဲ့တယ်"

"သူက ဘာပြောလို့လဲ"

"မင်ချောက အိမ်က ပိုက်ဆံနဲ့ အင်္ကျီအသစ်ဝယ်လို့ ကလေးလေးအမေက ဆူတော့လေ သူက တစ်အိမ်တည်းနေတဲ့ လင်မယားတွေပဲ ပိုက်ဆံလည်း အတူတူသုံးလို့ရတယ်တဲ့ ပြန်ပြောတယ်
ကျွန်တော်တို့လည်း တစ်အိမ်တည်းနေတာပဲလေ
လင်မယားပဲမဟုတ်ဘူးလား
ပိုက်ဆံတူတူသုံးမယ်လေ"

ချန်းယောလ် ကိုယ့်နဖူးသာ ကိုယ် ပြန်ရိုက်လိုက်မိသည်။ ဒီကောင်လေးကို မင်ချောတို့အိမ် ထည့်ပေးလိုက်မိတာကိုက သူ့အမှားပဲ။ သူ့ဆီက စကားကို မျှော်လင့်တကြီးစောင့်နေတဲ့ မျက်လုံးနက်နက်လေးတွေကို သေချာစိုက်ကြည့်လိုက်ပြီး...

"သေချာနားထောင်နော် မင်းသားလေး
တစ်အိမ်တည်းနေတိုင်း လင်မယားမဟုတ်ဘူး
ပိုက်ဆံကလည်း အဲ့လိုတူတူသုံးလို့မရဘူး
အဲ့ဒါကြောင့် ဒီပိုက်ဆံက မင်းသားလေးနဲ့ မဆိုင်ဘူး
သဘောပေါက်ပြီလား"

ဆံပင်လေးတွေကို ဆွဲဖွပြီး ထိုင်နေရာက ထကာ ပိုက်ဆံထုတ်များကိုနေရာတကျ သိမ်းလိုက်သည်။ သူ့ကို စကားပြန်မလာဘဲ ငြိမ်သွားတဲ့ကောင်လေးကတော့ တစ်ခုခုကိုအတွေးနစ်နေသလိုရှိသည်။

"မင်းသားလေး ထတော့
မျက်နှာသစ်ပြီး အိပ်ယာဝင်ရမယ်"

"...."

"မင်းသားလေး"

ထိုင်နေတဲ့ကောင်လေးကို လက်ကနေဆွဲလိုက်တော့မှ ထ လိုက်လာပြီး သူ့ရှေ့မှာလာပိတ်ရပ်သည်။

Red String of FATEWhere stories live. Discover now