"ဒီစာအုပ်ကိုလဲ ရုပ်ရှင်အဖြစ်ရိုက်နေပြီ ယောင်ဖုန်းနဲ့ယွီယောင်တို့ သရုပ်ဆောင်ထားတာ"

ဝမ်းရှုလီမှာ ထိုလူတွေရဲ့ပရိသတ်တစ်ယောက်မဟုတ်သည်မှာ အထင်အရှားပဲ ၊ အကြောင်းမှာ သူမက ရွှီလျန်စကားတွေကို စိတ်ဝင်စားမှုမရှိလို့ပဲ။ ရွှီလျန် စိတ်ထဲမထားဘူး။ သူမဘာသာ ရေတစ်ဖန်ခွက်လောင်းထည့်ပြီး သူမကျောပိုးအိတ်ထဲမှပစ္စည်းပစ္စယတွေကို တစ်ခုပြီးတစ်ခု အပြင်စထုတ်တော့သည်။

အရည်ပျော်မီးပြင်းဖို၊ ဖယောင်းအရည်ပျော်အိုး၊ သူမရဲ့အီလက်ထရွန်နစ်ချိန်ခွင်၊ သာမိုမီတာများ၊ ဖယောင်းအတုံးများ၊ ဂျစ်ပဆမ်၊ စက္ကူခွက်များ..... ကော်ဖီစားပွဲအသေးလေးမှာ ရွှီလျန်၏ပစ္စည်းများဖြင့် ချက်ချင်း ပြည့်သွားခဲ့သည်။ နောက်ဆုံးတွင် သူမ၏အလုပ်ရှုပ်နေသောလှုပ်ရှားမှုများက ဝမ်းရှုလီ၏ဦးခေါင်းအား မော့လာစေခဲ့၏။ သူမက စားပွဲပေါ်က ထူးထူးဆန်းဆန်းပစ္စည်းတွေကိုကြည့်ပြီး ရွှီလျန်ကို ကြည့်လိုက်သည်။

ရွှီလျန်က သူမကို ပြုံးပြရင်း

"ရှန့်ချန်ခုန်း အန်တီ့ကိုပြောဖူးလားတော့မသိဘူး ကျွန်မက Starlight ပန်းခြံမှာ ရနံ့ကုထုံးဖယောင်းတိုင်ဆိုင် ဖွင့်ထားတာ၊ ဒါတွေက ကျွန်မ ဖယောင်းတိုင်လုပ်တဲ့အခါကျရင်သုံးတဲ့ ပစ္စည်းကိရိယာတွေ"

ဝမ်းရှုလီ ပြန်မဖြေ ၊ ရွှီလျန် အီလက်ထရွန်နစ်ချိန်ခွင်ကိုဖွင့်ပြီး စက္ကူခွက်တစ်ခုထဲသို့ ဂျစ်ပဆမ်အနည်းငယ် လောင်းထည့်လိုက်သည်။

"စိတ်မပူပါနဲ့ ကျွန်မ တိတ်တိတ်ဆိတ်ဆိတ် လုပ်မှာမလို့ အန်တီစာဖတ်နေတာကို မနှောင့်ယှက်ဘူးလို့ ကတိပေးပါတယ်"

နောက်ဆုံးတွင် ဝမ်းရှုလီ၏အမူအရာမှာ အနည်းငယ် လျော့နည်းသွားဟန်ရသည်။ သူမသည် အရင်က ဤသို့သော အရှက်မရှိမျက်နှာပြောင်တိုက်တက်သောသူကို လုံးဝမတွေ့ဖူးသည့်ပုံ ၊ သူမက ရွှီလျန်ကို တစ်ခဏ စိုက်ကြည့်နေသော်လည်း ရွှီလျန်က ဖယောင်းတိုင်တွေကို စမလုပ်သေးသောကြောင့် ဝမ်းရှုလီမှာ သူမစာအုပ်ကိုပဲ ပြန်ဖတ်နေလိုက်သည်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now