မထင်မှတ်ဘဲဟယ်ရီချားလ်ကိုသွားတွေ့ခဲ့ရာမှသူပါတရားခံအဖြစ်စွပ်စွဲခံလိုက်ရခြင်းကအနည်းငယ်တော့မသက်မသာဖြစ်စေသည်။

"ပိုမိုရှင်းလင်းတဲ့အဖြေကိုရဖို့မင်းကိုငါရှာတွေ့ဖို့လိုတယ် လီလီ"

_____

ဂျီမင်းအခုတစ်လောပျင်းနေရသည်။
သူ့ရဲ့အိမ်လေးထဲမှာပဲပတ်ချာလည်ရင်းအချိန်တွေကိုအလဟဿဖြုန်းတီးပစ်နေရသည်။
စာအုပ်ကပြောချင်တဲ့အကြောင်းအရာကိုလည်းသူအခုချိန်ထိဂဂနနမသိသေးပေ။

ဝိန်းကအခုတလောသူ့အိမ်ကိုမလာချေ။
မြို့တော်ဝန်အလုပ်တွေနဲ့ရှုပ်နေလို့ပဲလို့ဂျီမင်းသတ်မှတ်ထားလိုက်သည်။
သူလာလို့ရှိရင်လည်းချုပ်နမ်းလိုက် အတင်းဆွဲဖက်လိုက်ပဲလုပ်နေတာဆိုတော့ဂျီမင်းအနေနဲ့ဝိန်းရဲ့မျက်နှာကိုလုံးဝမမြင်ချင်ပါ။

"ဘာလုပ်ရင်ကောင်းမလဲ
ဘာလုပ်ရင်ကောင်းမလဲ!!"

"ပျင်းလွန်းလို့သေတော့မှာပဲ အားးး"

"ကမ္ဘာပေါ်မှာအပျင်းလွန်ပြီးသေသွားတဲ့လူသားဆိုပြီးမှတ်တမ်းတင်ခံရမှာတော့မဟုတ်ဘူးမလား"

ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းမှအကြည့်များကဖီးလီးယက်စ်ရဲ့စားပွဲပေါ်သို့ရောက်သွားသည်။
စာအုပ်များ၊စာရွက်များကဖီးလီးယက်စ်ရဲ့စားပွဲပေါ်မှာပြန့်ကျဲနေသည်။ဖောင်တိန်တစ်ချောင်းကလည်းပြန်မပိတ်ရသေးဘူး။
ဖောင်တိန်စွန်းကနေမှင်ရည်တွေကတတောက်တောက်...
ချေမွထားသောစာရွက်တွေ၊သေသေသပ်သပ်ခေါက်ထားတဲ့စာရွက်တွေပေါ်စွန်းနေတဲ့မှင်ရည်တွေကခြောက်တောင်ခြောက်နေပြီ။

"ဒါကဘာတွေလဲ"

ထိုစားပွဲကိုရက်ပိုင်းကတည်းကသူမြင်ခဲ့ပေမယ့်ပထမဆုံးအကြိမ်အခုမှသတိထားမိခြင်းဖြစ်သည်။
သူမရောက်ခင်အချိန်ကာလတုန်းကဖီးလီးယက်စ်ရေးနေခဲ့တဲ့စာတြွေဖစ်နိုင်သည်။
စာအုပ်ကိုဆွဲယူလိုက်တော့စာရွက်တစ်ရွက်ကစာအုပ်ကြားထဲမှအောက်သို့ကျလာသည်။
ဂျီမင်းလည်း၎စာရွက်လေးကိုကောက်ယူလိုက်ကာဖတ်ကြည့်မိလိုက်သည်။
စာရွက်ကလုံးချေခံထားရသလိုတွန့်ကြေနေကာနောက်မှသေသေချာချာပြန်ဖြန့်ထားသလိုထင်ရသည်။

Two Men In One Look (Completed)Where stories live. Discover now