"ငါးကောင်တည်းပါ...."
လက်လေးငါးချောင်းထောင်ပြပြီးပြောနေပုံက ဖျစ်ညှစ်ပစ်ချင်စရာလေး။ တော်သေးတာပေါ့ ငါးကောင်းတည်းမို့လို့။
"အဲ့ဒီငါးကောင်း ပြန်ဝယ်ပေးရမယ်
ဝယ်မဲ့ပိုက်ဆံကို မင်းကိုယ်တိုင်ရှာဖို့ စဉ်းစားထား
မင်ချော ငါတို့ပြန်မယ်နော်
မင်းရဲ့ကြက်ကလေးတွေကို မင်းသားလေးပြန်လျော်လိမ့်မယ်"
ချန်းယောလ်က မျက်စိမှိတ်ပြပြီးပြောတော့ မင်ချောကလည်း သဘောပေါက်စွာ...
"မြန်မြန်လျော်ပေးနော် မင်းသားလေး
ကြက်ရောင်းရတဲ့ပိုက်ဆံနဲ့မှ မင်းသားလေး နောက်ထပ်လာလည်ရင် မုန့်ဝယ်ကျွေးနိုင်မှာ"
"အင်း အင်း အမြန်ဆုံးလျော်ဖို့ စဉ်းစားပါ့မယ်
မင်ချော တာ့တာ...မင်ချောရဲ့ကလေးလေး တာ့တာ...ကြက်ဝါလေးတွေလည်း တာ့တာ
ကယ်တင်ရှင် ပြန်ကြရအောင်"
အရမ်းလည်တဲ့မင်းသားလေးက သူဘာမှ အပြစ်လုပ်မထားသလို ချန်းယောလ်လက်ကိုဆွဲကာ ကားပေါ် အတင်းတက်လာပေမဲ့ သူ့ခေါင်းထဲမှာတော့ အတွေးတစ်ခုတည်းသာ တဝဲလည်လည်။
ပိုက်ဆံကို ဘယ်နားက ရှာရမှာပါလိမ့်။
💓
ဒီနေ့ေစာတယ် 💖
ညဘက် Update ထပ်မရှိဘူးနော် 😘
(Zawgyi)
ချန်းယောလ်ရဲ့အတွေးများ တက်တက်စင်အောင်လွဲခဲ့သည်။ စိုက်ပျိုးခြံထဲ တစ်ရက်လိုက်ပြီးရင် နောက်နေ့ မလိုက်ချင်လောက်တော့ဘူးထင်ပေမဲ့ အင်အားအရမ်းပြည့်ဝနေတဲ့ ဝက်ကလေးကတော့ နေ့တိုင်းလိုက်ဖို့ ပူဆာနေတော့သည်။
ချန်းယောလ်မှာ မနက်ခြံထဲသွားခါနီးတိုင်း ရေဗူး၊ မုန့်ထုပ်၊ အဝတ်အပိုတွေနဲ့ ကလေးမူကြိုပို့သလို ပြင်ဆင်ပြီးယူသွားရသည်။ ခြံထဲက အသီးတွေက နေ့တိုင်း သီးမနေသလို နေ့တိုင်းကျွေးနေဖို့ကလည်း အဆင်မပြေ။ ထမင်းစားချိန်ကလည်း ထမင်းနှင့်ဟင်းချည်း သီးသန့်ကျွေးတာမို့ ကောင်လေးကြိုက်တဲ့
ချိုချဉ်တွေ မုန့်ထုပ်လေးတွေက ခြံထဲမှာရော အနီးအနားမှာပါ မရှိ။ သူတို့စီစဉ်နေတဲ့ အသီးခြောက်စပြီး ဖြန့်ချိန်ဆိုရင်တော့ အသီးခြောက်လေးတွေ ကျွေးလို့ရသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 7
Start from the beginning
