"မင်ချောရေ...မင်းသားလေး...."

"ကယ်တင်ရှင် လာပြီ"

လက်ထဲက ကြက်ကလေးကို မြေပေါ်ပြန်ချပြီး ကယ်တင်ရှင်ဆီ အပြေးသွားရသည်။
ကြက်ပေါက်လေးတွေလိုက်ဖမ်းထားရလို့ ချွေးကျနေတဲ့ နဖူးကို လက်နဲ့ ပွတ်ဆွဲလိုက်တော့ ဆေးဝါတွေကလည်း နဖူးမှာ အထင်းသားနှင့်။

"ကျွန်တော် ဒီမှာ ကယ်တင်ရှင်ရေ..."

"ဆော့နေတာလား ပေလူးနေတာပဲ
ဒီအဝါတွေကဘာတွေလဲ"

ကယ်တင်ရှင်က မင်းသားလေးရဲ့နဖူးက ပေနေတဲ့ဆေးတွေကို လက်နဲ့လှမ်းသုတ်လိုက်သည်။

"သင်္ဘောဆေးတွေနဲ့ ဆော့နေတာလား"

"ဆော့တာမဟုတ်ပါဘူး
ကြက်ကလေးတွေကို အဝါရောင်ပြောင်းပေးတာ"

"ဘာ...ဘယ်လို..."

"ကြက်လေးတွေက မဲနေလို့"

မင်းသားလေးလက်ညှိုးထိုးပြတဲ့နေရာကို ကြည့်ပြီး ချန်းယောလ် သွေးတက်ရပြန်သည်။ သူ့ဘာသာ အနက်မျိုးမို့ မဲနေတဲ့ကြက်တွေကို တစ်ကိုယ်လုံး အဝါရောင်သုတ်ထားသည်။ အကောင်ပေါက်လေးတွေခမြာ ဆေးတွေနဲ့ကပ်ပြီး တောင်ပံပင်မခွာနိုင်။

"မင်ချောရေ မင်ချော..."

"အစ်ကိုချန်းယောလ် ရောက်ပြီလား"

"မင်းကွာ ကလေးတွေကို လွှတ်ထားရလား အိမ်ထဲဘာလုပ်နေတာလဲ"

"အမျိုးသမီးက ဟင်းချက်လို့ ကူပေးနေတာ ဟဲ.."

"မင်းကြက်တွေကိုကြည့်ဦး သူတို့ဆေးသုတ်ထားကြတယ်တဲ့"

အခုမှ ကြက်အခြေအနေကို သတိထားမိသွားတဲ့ မင်ချောလည်း ခေါင်းနပန်းကြီးရပြီ။
ဒီကြက်လေးတွေက ကြီးလာရင် ပြန်ရောင်းဖို့ မွေးထားတာလေးတွေလေ။

"အဲ့ဒါမှ ဒုက္ခပါပဲ"

"ဒုက္ခမနေနဲ့ မင်းကြက်တွေက ပြန်ရောင်းဖို့မွေးတာ ငါသိတယ်
ဘယ်နှစ်ကောင် ဆေးသုတ်ထားလဲပြော ငါပြန်ဝယ်ပေးမယ်နော်"

"မလုပ်ပါနဲ့ အစ်ကိုရယ်
အားနာစရာ ကျွန်တော့်သားလေးလည်း တူတူဆော့ထားတာကို"

"ဦးဆောင်တဲ့လူက ဒီမှာလေ..."

သူကို မေးငေါ့ပြပြီးပြောတော့ မင်းသားလေးက မသိသလို ခေါင်းလေးကို ဟိုစောင်းဒီစောင်းနဲ့ ဉာဏ်များနေတော့သည်။

Red String of FATEWhere stories live. Discover now