"မုန့်ရော..."
"မုန့်တွေလည်းရှိပါတယ်
မျက်နှာကြီးကို စူပုတ်မထားနဲ့လေ
အစ်ကိုချန်းယောလ်က ခဏနေရင် ပြန်ရောက်မှာပါ
ရောက်တာနဲ့ လာခေါ်မှာ"
"အွန်း..."
နောက်ဆုံးတော့ အစွန့်ပစ်ခံ မင်းသားလေးကပဲ မင်ချောနဲ့အတူတူ မင်ချောတို့အိမ်မှာ ခဏလိုက်နေပြီး ကယ်တင်ရှင်လာခေါ်တာကို စောင့်ဖို့ဖြစ်လာသည်။ နေ့ခင်း ထမင်းစားပြီးတာနဲ့ မြို့သွားဖို့ ထွက်သွားတဲ့ ကယ်တင်ရှင်က အလုပ်ဆင်းချိန်မှ သူပြန်ရောက်မလာရင် မင်ချောတို့အိမ်မှာ လိုက်စောင့်နေဖို့ မှာခဲ့သည်။ ကယ်တင်ရှင် မြန်မြန်ပြန်လာဖို့ ဆုတောင်းသော်လည်း မပြည့်ခဲ့ပါ။ အလုပ်ဆင်းတဲ့အချိန် မင်ချောက မင်းသားလေးကို လာခေါ်သည်။
မင်ချောတို့အိမ်က ကယ်တင်ရှင်တို့အိမ်လို ခြေတံရှည်မဟုတ်တဲ့ မြေစိုက်အိမ်လေးဖြစ်သည်။ ခြံဝန်းလေးနဲ့ အပင်ပုလေးတွေနဲ့ ချစ်စရာကောင်းသည်။ မင်ချောပြောသလို ကြက်ပေါက်လေးတွေလည်း အများကြီးရှိသည်။ အင်း ပြဿနာက...ကြက်ပေါက်လေးတွေက သူတို့အိမ်အောက်ကလို အဝါမဟုတ်ဘဲ နည်းနည်း မဲနေသလားလို့။
မင်ချောရဲ့ သားလေးနဲ့တူတူကြက်ပေါက်လေးတွေနဲ့ဆော့နေတုန်း မင်ချော အမျိုးသမီးက မန်ထိုပေါင်းတွေ ယူလာပေးသည်။ လက်ဆေးပြီး မန်ထိုပေါင်းစားနေရင်း ကြက်လေးတွေကိုလှမ်းပြီးရေတွက်နေလိုက်သည်။ အကုန်လုံးတော့ မမဲဘူး။ တစ်ချို့အကောင်တွေရဲ့ တစ်ချို့အမွှေးလေးတွေပဲ မဲနေတာ။ ဒါကို မင်းသားလေးက ဝါအောင် ပြောင်းလဲပစ်ရမည်။
မန်ထိုပေါင်းစားပြီးတာနဲ့ မင်းသားလေးက ကြက်မွှေးကို အဝါရောင်ပြောင်းဖို့ လုပ်ငန်း စ တော့သည်။ မင်ချောရဲ့ သားလေးကလည်း အလိုတူအလိုပါ ဆေးအဝါဗူးကို အတူတူလိုက်ရှာကြသည်။ နောက်ဆုံးမှ ခြံနောက်ဘက်မှာ သင်္ဘောဆေး အဝါကို သွားတွေ့သည်။ ဒါနဲ့ဆို ကြက်ကလေးတွေလှသွားတော့မှာပဲ။
မင်းသားက ကြက်ပေါက်လေးကို ကိုင်ထားလိုက်၊ မင်ချောသားလေးက ကြက်ပေါက်လေးကို ဆေးသုတ်လိုက်နှင့် နှစ်ယောက်အတူ ကြိုးစားမှုအပြီးမှာတော့
ကြက်ပေါက်ကလေးတွေအကုန်လုံး ဝါသွားပြီဖြစ်သည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 7
Start from the beginning
