"ကယ်တင်ရှင်ရေ ဖုန်းမြည်နေတယ်"

အလုပ်ထဲ အာရုံနစ်နေလို့ ဖုန်းမြည်သံမကြားသည့် ချန်းယောလ်ကို ကောင်လေးက လှမ်းသတိပေးသည်။ ချန်းယောလ်တို့ဆီမှာ လက်ကိုင်ဖုန်းတွေရှိသော်လည်း ဆက်သွယ်ရေး မကောင်းသောကြောင့် ကြိုးဖုန်းကိုလည်း အသုံးပြုကြသည်။ ချန်းယောလ်ကတော့ အလုပ်ကိစ္စတွေ လုပ်ရ ကိုင်ရ အဆင်ပြေအောင် ခြံထဲမှာပဲ ကြိုးဖုန်း ဆင်ထားလိုက်သည်။ အထူးအထွေရှိမှသာ ချန်းယောလ်ရဲ့ လက်ကိုင်ဖုန်းကို ဆက်ကြသည်။ ဒါတောင် ဆယ်ခါဆက်မှ နှစ်ခါလောက် ဝင်သည်အထိ ဆက်သွယ်ရေးလိုင်းတွေ ကောင်းသည့်နေရာမျိုးဖြစ်သည်။

"ဟယ်လို...ဪ ယူဂျောင်း ထူးထူးဆန်းဆန်း နေ့ခင်းကြီးပါလား
အင်း...ဘာမှမထူးပါဘူး....ဟုတ်လား...ငါလည်း ထပ်တော့ သွားကြည့်ချင်သေးတယ်
ဒါဆို ခဏနေ ငါဝင်ခေါ်လိုက်မယ်နော်..."

ချန်းယောလ် ဖုန်းချလိုက်ပြီး အလုပ်ဆက်လုပ်နေပေမဲ့ မင်းသားလေးကတော့ မုန့်ဆက်မစားဘဲ ချန်းယောလ်ရဲ့ မျက်နှာ အရိပ်အကဲကို လေ့လာလို့နေသည်။ ယူဂျောင်းဆိုတာ ဟိုနေ့က လာတဲ့ ဆံပင်ရှည်ရှည်မိန်းကလေးမလား။ သူက ကယ်တင်ရှင်နဲ့ ဘယ်သွားဖို့လဲ။ မင်းသားလေးလည်း လိုက်ချင်တယ်လေ။

"ကယ်တင်ရှင်....ဘယ်သွားဖို့လဲဟင်
ကျွန်တော်လည်း လိုက်မယ်လေ"

"မြို့ဘက်ကို အလုပ်ကိစ္စနဲ့သွားဖို့
ဝေးတယ် မင်းသားလေးရဲ့ မလိုက်နဲ့နော်
နားရက်မှ မင်းသားလေးကို သီးသန့်ပို့ပေးမယ်"

"ဒါဆို ဒိုးနတ် ဝယ်ခဲ့နော်"

"အင်း ဝယ်ခဲ့မယ်"

အထွန့်တက်ချင်ပေမဲ့လည်း ကယ်တင်ရှင် စိတ်ဆိုးသွားမှာကို အတည်ကြီး ကြောက်သည်။ တခြားကိစ္စနဲ့မဟုတ်ဘဲ ဂိုယူဂျောင်းကြောင့် သူ့ကို စိတ်ဆိုးမှာကို မင်းသားလေးက ပိုကြောက်နေမိသည်။ ဒီနေ့ကစပြီး ကယ်တင်ရှင်စကားနားထောင်လို့ ပိုပြီး လိမ္မာရမယ်။

💓

"မင်းသားလေး...လာလေ
အိမ်မှာ အစ်ကိုမင်ချောရဲ့ သားလေးလည်းရှိတယ်
မင်းသားလေးချစ်တဲ့ ကြက်ပေါက်လေးတွေလည်းရှိတယ်"

Red String of FATEWhere stories live. Discover now